ခင့်..သက်လျာ part (43)

3.4K 253 6
                                    

လင်းကြက်တွန်သံနဲ့အတူ ရွာ၏မနက်ခင်းဟာ သက်ဝင်လာခဲ့သည်.... အုန်းမောင်ခေါက်သံတို့ပြီးသည့်နောက်.. အိမ်တိုင်းကိုယ်စီ ချက်ပြုတ်သံ ကိုယ်စီဖြင့်.... နံနက်ခင်းရဲ့ သူရိန်နေမင်းဟာလဲ.... ဖြာယှက်ကာ... ဆောင်းမျက်နှာထက်သို့ သက်ဆင်းလေတော့.... မျက်တောင်လှလှ ကာရံသော မျက်ဝန်းတို့... ပွင့်လာရသည်..... ကျောင်းသွားရမှာကြောင့်... ဆောင်း... ပြင်ဆင်ရန်ထလာလိုက်သည်... မီးဖိုခန်းမှ ချက်ပြုတ်သံနဲ့အတူ အနံ့တစ်ချို့ကလည်း... ဆောင်း ကိုဆွဲဆောင်နေသည်ကြောင့်....

''''ထွေးညို... ဘာတွေချက်နေတာလဲ.... '''

မီးဖိုခန်းရှိရာဖက်သို့ အော်မေးပြီးတော့မှ သတိရသည်က.... ထွေးညိုမှ မရှိဘဲ... ​

''''သက်လျာ... နိုးပြီလား... '''

မီးဖိုခန်းမှ ခင့်အသံကြားလိုက်သည်ကြောင့်.. ဆောင်းမီးဖိုခန်းဝဆီသို့.. လှမ်းလာလိုက်သည် ဆောင်းကို ကျောပေးကာ... တကုတ်ကုတ်ချက်နေသော ခင်က ဆောင်းရောက်နေသည်ကိုသိပုံပင်....

''''သင်လျာ မျက်နှာသွားသစ်ချည်လေ.. '''

လှည့်မကြည့်ပါဘဲ.. ပြောလိုက်သည်ကြောင့်.. ခင် မမြင်သော်လည်း ဆောင်း ခေါင်းအလိုလျှောက် ငြိမ့်ပြမိသည်... မနေ့ညက... တိတ်စိတ်ခဲ့သော..ထမင်းဝိုင်းသည်... '''ခင်ကသဝန်တိုလို့ပါ.... ''' ဆိုတဲ့.. စကားနဲ့တင်ပြေငြိမ်းခဲ့ကြသည်.... ခင်သာ စိတ်ဆင်းရဲမယ်ဆိုရင်... ဆောင်းဘယ်လိုဆက်ဆံရေးကိုမှ... မပတ်သတ်ဘဲနေနိုင်သည်ကြောင့်... '''အလုပ်ကိစ္စကလွဲရင်.. ကျန်တဲ့ ဘာကိစ္စရှိရှိ မပတ်သတ်ပါဘူး ''ဆိုတဲ့ ဂတိနဲ့ အတူ ဆောင်းတို့နှစ်ယောက်...ပြေလည်ခဲ့ကြသည်..

'''သက်လျာ... မျက်နှာကိုသေချာသုတ်လေ.. '''

'''အွန်းပါ... ခင်ရဲ့... ''''

'''ပြီးရင်လာတော့... ..''''

မျက်နှာသုတ်ပုဝါကိုင်ကာ... အတွေးလွန်နေသော... သက်လျာကို... ခင်.. သတိပေးပြီးသည်နှင့်... ထမင်းဝိုင်းပြင်ရသည်... ဒီရက်ပိုင်း.. နှစ်ဦးကြားမပြေလည်မှုတွေကြောင့် နှစ်ယောက်လုံး.. .စိတ်ဆင်းရဲခဲ့ရပေမယ့် သက်လျာက... ခင့်ထက်ပိုမည်... မပြေလည်ခဲ့တဲ့ရက်တွေမှာ... သက်လျာ အစားကောင်းကောင်း မစားတဲ့အကြောင်း ထွေးညို ပြောလို့.. ခင်သိပြီးဖြစ်သည်... ဒါကြောင့်.. သက်လျာရဲ့.. အစားသောက်ကို... ခင် ဂရုစိုက်ပေးရမည်....

ခင့် သက်လျာ......(complete)जहाँ कहानियाँ रहती हैं। अभी खोजें