ခင့်စံအိမ်၌.... ဧည့်ခန်းမှ လူသုံးဦးတို့အသံတို့တိတ်စိတ်နေသည်.... ခင့်မှာတော့ ကျန်နှစ်ဦးကိုကြည့်ကာ.... စိုးရိမ်စိတ်ဖြင့်... ကိုစိုင်းကတော့... ဘာမှဖြစ်မနေသလို.. ကော်ဖီသောက်ကာ... လက်ထဲရှိ..စာအုပ်ကိုသာ အာရုံစိုက်နေသည်... ဦးသီဟ မှာတော့ ကိုစိုင်းရှေ့မတ်တပ်ရယ်ပါ... ရောက်ကတည်းက.. ထိုသို့ရပ်နေသည်မှာ... နာရီအတော်ကြာပြီဖြစ်ပေမယ့်... တစ်ချက်တောင် မျက်နှာမပျက်... ကိုစိုင်းကိုသာ..မျော်လင့် တကြီးကြည့်နေသည်...
'''ကိုစိုင်း... တစ်ခုခုပြောပါအုန်း... '''
ကြားကနေ မနေနိုင်သော ခင်က ဝင်ပြောရတော့သည်....ထိုမှ.. ကိုစိုင်းရဲ့ အကြည့်တို့ခင့်ဆီရောက်လာကာ....
'''အပြင်သွားစရာရှိတာသွား... ခင်... '''
'''မဟုတ်.. မဟုတ်သေးဘူး ကိုစိုင်း.... '''
''''ကိုစိုင်း အိမ်ထောင်ရေး ကိစ္စကိုစိုင်းဘာသာ ရှင်းမယ် ခင်.... '''
ခင့် စကားမဆုံးခင် ဖြတ်ပြောလိုက်သော ကိုစိုင်းကြောင့်... ခင် ဒီကနေ ထွက်ဖို့အချိန်တန်ပြီဖြစ်သည်...
''''ကောင်းပြီ... ခင် သက်လျာဆီကိုသွားမယ် ကိုစိုင်း... ခင်တစ်ခုတော့မှာခဲ့မယ်... အပြတ်ပြတ်နဲ့ နှခေါင်းသွေးထွက်တာမျိုး.. ခင် လက်မခံဘူးနော်... ကိုစိုင်း... '''
ခင်ပြောသည်ကို ပြန်မဖြေပါသော ကိုစိုင်းကြောင့်.. ခင် ဦးသီဟကို ကြည့်ကာ စိတ်ချမယ်ဆိုတဲ့ သဘောကြည့်ကာ... ထွက်လာလိုက်သည်.... ခင်ရဲ့ လုပ်ငန်းတွေတောင် ပြီးပြတ်ဖို့ အတော်အချိန်ယူလိုက်ရတာ.. ဦးသီဟလို.. လက်ဝယ်ထားရှိသူအဖို့ ပြီးပြတ်အောင်ဖြတ်ရန် အချိန်အတော်ယူရမည်မှာ အမှန်ပင်... ကိုစိုင်း ဖုန်းဆက်ခိုင်းသည့်ရက်မှ ဒီနေ့ဆို... တစ်လနီးပါးကြာမြင့်ခဲ့ပြီမို့.. ကိုစိုင်းဒေါသပြေလောက်ပြီဟု ခင့်ထင်ခဲ့သည်မှာ.. မှားသွားလေပြီ... ခုတိုင်းသာဆို ကိုစိုင်းဟာ ဒေါသထွက်နေတုန်းပင်... ခင့်အပေါ်တော့မဟုတ်တန်ရာ.. ဦးသီဟ ကိုသာ....
အတွေးများဖြင့် ခင့်ခြေလှမ်းတို့ဟာ... ပြင်ဆင်ပြီးစောင့်နေမယ့်... ဆရာမလေး ဆီသို့ တက်ကြွစွာ ဦးတည်သည်...