ခင့်..သက်လျာ part(27)

3.5K 260 6
                                    

'''ကြီးမြိုင်.. ကြက်သွန်လှီပြီးရင်.. ရေနွေးအိုးထဲ ထည့်ရတော့မှာလား... '''

ခင့် အိမ်မီးဖိုချောင်မှ ထွက်လာသော ဆောင်းအသံစာစာဖြစ်သည်...

'''​မလုပ်ပါနဲ့ သမီးရယ်.. ကြီးမြိုင်ကိုယ့်ဘာသာ ကို လုပ်ပါ့မယ်.. ခင်လေးသိရင် ပြောရော့မယ်.. '''

'''ဟုတ်တယ် ဆောင်း.. မမခင်သာ သိရင် ထွေးညို အသတ်ခံရ တော့မယ်... '''

ထွေးညို.. ထမင်းစားပွဲမှထိုင်... ဆောင်းအားပြောနေသည်... ကြာဇံချက်ရန် ကြီးမြိုင်ကို အတင်းသင်ခိုင်းနေသော ဆောင်းက.. လိုက်တားသည့် ထွေးညိုကို သူနဲ့ဝေးရာမှာ ထိုင်စေသည်မို့ ထွေးညိုမှာ.. ဆောင်းရှိရာသို့ လှမ်းပြောနေရသည်...  ဆောင်းသိပ်ခေါင်းမာသည်... အခုချိန်များ တစ်ခုခု ဖြစ်ကြည့်.. မမခင် ဒေါသအိုးက တစ်အိမ်လုံးလောင် မှာသေချာသည်.... ဟင်းချက်ကျွမ်းကျင်ပုံ မပေါ်သော ဆောင်းအား ထွေးညိုရော ကြီး​မြိုင်ပါ ရင်တမမနဲ့ ကြည့်နေရသည်.. တစ်ခုခု ထိခိုက်မည်စိုးသောကြောင့်သာ.. ခင် ပြောမည်.. စိုး၍ မဟုတ်သည်မှာ သေချာသည်...

'''ဘာမှမဖြစ်ပါဘူး.. ထွေးညိုနဲ့ ကြီးမြိုင်ရဲ့.. ခြံထဲ ဟင်းရွက်သွားခူးကြမှာမလား.. သွားသွား သွားကြ... '''

'''ရေနွေးအိုးထဲ. ကြီးမြိုင် ပြန်လာမှ လိုတာထည့်ပေးမယ်.. သမီးဆောင်း ဘာမှလျှောက်မလုပ်ထားနဲ့ နော်... ''''

'''ဟုတ်ကဲ့ပါ... ကြီးမြိုင် ရဲ့.... '''

ဆောင်း.. ထွေးညို နဲ့ကြီးမြိုင် ထွက်သွားသည်နှင့်.. ကြက်သွန် လှီးရန် လုပ်ငန်းစတော့သည်... ဆောင်းအရွယ်နဲ့ ကြက်သွန် လောက်တော့ လှီးတက်ပါသည်.. ကြီးမြိုင်နဲ့ထွေးညို အလကားသက်သက် စိတ်ပူနေသည်.... ဆောင်း ကြက်သွန်ကို သေချာ ဂရုစိုက် လှီးနေသည်မို့... ပတ်ဝန်းကျင်ရဲ့ အသံတို့ကို ဂရုမထားမိပါ... နောက်မှလာသော ခြေသံဖွဖွတို့ကို လဲ.. ဆောင်း သတိမထားမိသည်ကြောင့်...

'''ဟိတ်.. !!!'''

''''အမေ့..!!အ... အား.ပူတယ် .ဒုန်း..!!!ဂလွမ်းးးး!!'''

မီးဖိုခန်းအတွင်း.. အိုးခွက် ပြုတ်ကြသံနှင့်အတူ.. ဆောင်းရဲ့ အော်သံကြောင့် ထွေးညို ခြံထဲမှ အပြေးလာမိသည်....

ခင့် သက်လျာ......(complete)Donde viven las historias. Descúbrelo ahora