ခင့်..သက်လျာ part (16)

3.7K 254 5
                                    

မနက်ခင်း ထမင်းစားဝိုင်းဟာ အလွန်းကို တိတ်စိတ်နေသည်..  တစ်အိမ်လုံးနဲ့ ပထမ ဆုံး လက်စုံစားသော ထမင်းဝိုင်းသည်..  ဇွန်းသံများသာကြားနေရသည်ကြောင့် ခင့် စိတ်ထဲ ဘဝင်မကျပေ အရင် နှစ်ယောက်ထဲ စားခဲ့သည့် ထမင်းဝိုင်းတွင် ထိုအသေးလေး ၏ '''
''''ကြီးမြိုင် ဒီဟင်းက ဘယ်လို.. ဒါလေးက ဘာလဲနဲ့...''........ဆူဆူညံညံ မေးသံတို့ ရှိပေမယ့် ခုတော့ အရင်နဲ့မတူ.... ညက ကိစကို စိတ်ခုနေအုန်းမယ်ဆိုပေမယ့် ထိုအသေးလေးကို စိတ်ပျော် စေချင်နေပြီရယ်.... ဘေးက ဦသီဟ သည်လဲ တတွတ်တွတ်နဲ့ ဘာတွေ လိုက်ပြောနေလဲ ခင် အာရုံမစိုက်နိုင်..အစားကိုသာ အာရုံစိုက်နေသော အသေးလေးစီသာ စိတ်အစဥ်ပို့ထားမိသည်....

ဆောင်း ထမင်းဝိုင်းတွင် ထိုင်သာစားနေရသည်.. အရင်ရက်တွေလောက် မပျော်ပါ..  ခင် ဟာ သူ့ဂတိအတိုင်း ကြီးမြိုင်တို့နှင့် တစ်ဝိုင်းထဲ ထိုင်စားနေရင် ပျော်စရာကောင်းမယ်ထင်ထားပေမယ့်..  အခုသူမပျော်ပါ... အထူးသဖြင့်..  ခင့်ဘေးမှာ တတွတ်တွတ်နဲ့ ထမင်းဝိုင်းထိ ပြောမပြီးနိုင်ဖြစ်နေသော ထိုလူနှင့် ထမင်းတောင်မစားနိုင်ဘဲ ထိုလူပြောသမျှ နားထောင်နေသော ခင့် သည် ဆောင်းစိတ်ကို အတော် အနောက်ယှက်ပေးနေသည်မလို့ ဆောင်း ထမင်းဝိုင်းက ထဖို့ပြင်ရသည်...

'''ဆောင်း တော်ပြီ  ကြီးမြိုင်....'''

''''ဟင်.. ဆောင်း စားတာ နည်းလိုက်တာ မကြိုက်လို့လားဟင်.... ''''

''''အေးတော်.. သမီးဆောင်း ကြီးမြိုင်ချက်တာ မကောင်းလို့များလားကွယ်.. ''''

ကြီးမြိုင် နဲ့ထွေးညို စကားကို ဆောင်းခေါင်းတစ်ချက်ခါကာ...

'''မဟုတ်ပါဘူး.. ကြီးမြိုင်.. ဆောင်းရင်ပြည့် နေလို့ပါ.... ''''

ဆောင်း..  ထမင်းဝိုင်း မှ ထတော့...

''''အဟမ်း.. ကြီးမြိုင် ခင်.. လဲ မစားတော့ဘူး...''''

'''မရဘူးနော် သမီးခင်..  အက်ဆန်ပြုတ်ကို ကုန်အောင်သောက်နော်...  ကျန်းမာရေး ဂရုစိုက်ဆိုတော့ မစိုက်ဘဲနဲ့.... ကုန်အောင်သောက်ခင်.... မနေ့ညက ဖျားလို့ဆို ထွေးညို ပြောတယ်.. ''''

'''ခင်သက်သာနေပါပြီ.. ကြီးမြိုင်ရဲ့...''''

'''ကဲပါဗျာ.. ကြီးမြိုင်ရဲ့ သမီးခင်က..  အတော်ကို ခေါင်းမာတာ သိသားနဲ့ကို ဗျာ...  အက်ဆန်ပြုတ် တစ်အိုးလုံးကုန်အောင် ကျနော် သီဟ သောက်ပေးမယ်ဗျာ ဟုတ်ပြီလား ကြီးမြိုင်...'''

ခင့် သက်လျာ......(complete)Where stories live. Discover now