ခင့်.. သက်လျာ final

8.4K 355 21
                                    

အညာနေ၏ ပူပြင်းသော ဒဏ်ကို လက်သွယ်သွယ် ဖြင့် ကွယ် ကာ... နောက် လက်သွယ်သွယ် တဖက်ကတော့ဖြင့်... သေးသွယ်သော ကြိမ်လုံးလေး ကို မာန်ပါပါ ကိုင်လျက်...  လယ်ကန်သင်းရိုးတလျောက်  ..လှမ်းနေသော ခြေလမ်းတို့ဟာ... စိတ်ဆိုးသည်ထက်... စိတ်ပူခြင်းကို ဖော်ဆောင်နေသည် ။..   သွက်လပ်သောခြေလမ်းတို့.... တိကနဲ ရပ်တန့်ကာ...... ထွက်လာသည်က....

''''ညရိပ်သွင်......'''''

''''ရှင်.... မေမေ...... ''''

ဟုတ်သည်... ညရိပ်သွင်... ဝတ်ထားသော ဘောင်းဘီကို ပင့်မြောက်ကာ... လယ်ဂဏန်းနဲ့ ပုစွန်လုံးတို့ကို လွယ်ထားသော တောင်း ထဲသို့ အားရပါးရ ကောက်ထည့်နေတုန်း...  ခေါ်သည်က... ရိပ်ရဲ့မေမေ... ဒေါ်ဆောင်းသခင်တဲ့.....

''''မေမေ  .....'''

အွန်း ဒါကတော့ ရိပ်ရဲ့ ကိုကို.... လရိပ်သွင် တဲ့လေ... ကိုကို ကတော့ လယ်ရိုးပေါ်က ငုတ်တုတ်လေး... ထိုင်ကာ ဒူးပိုက်လျက် မေမေအားကြည့်နေစဥ်...

'''လာခဲ့စမ်း.. နှစ်ယောက်လုံး.... ခုတက်ခဲ့စမ်း ညရိပ်သွင်...... '''

''ဟာ မေမေ ကလဲ ဒီမှာ ပုဇွန်လုံးတွေက.... '''

'''ညရိပ်သွင်..... !!!'''

ရိပ်စကားမဆုံးသေး... ဆောင့်အော်လိုက်သော မေမေကြောင့်.... လရိပ်တယောက် ကိုယ်လေးဆတ်ခနဲတုန်သွားသည်ကို.... ညရိပ်တွေ့လိုက်သည် ။..

''ခုလာမလား... မေမေရိုက်ရမလား... ညရိပ်... ''''

'''လာပြီ လာပြီ မေမေ.... ရိပ်လာပြီနော်..... '''

ရိုက်မည်ဟုသာ ကြိမ်းမောင်းတက်ပေမယ့် မေမေက ရိပ်မောင်နှမ ၈နှစ်သာပြည့်သည် တခါမှ ရိုက်ရိုးမရှိခဲ့... စိတ်ဆိုးလျှင်တော့ ဆူတက်သည် ။

လယ်ကွင်းထဲက ရွံ့တလူးလူး နဲ့ သမီးငယ်အားကြည့်ကာ ဆောင်း ခေါင်းခါမိသည် ။...အလိုလိုက်၍ ဆိုးနေသည်ဟု ဆောင်းမဆိုချင်... ဒီကလေးနှစ်ယောက် ဘယ်လောက် လိမ္မာသလဲ.. ဆောင်းအသိဆုံး.... ကလေးငယ်ငယ်တို့ စရောက်ချိန်က...  အထိန်းအသိမ်းမတက်မည်ကို ဆောင်းစိုးရိမ်သမျှ အရာရာကို ခင်ကဘဲ  ...ဆိုဆုံးမပဲ့ပြင်ခဲ့သည်ကြောင့်....  အရာရာတွင် ထိုကလေးနှစ်လုံးဟာ.. ဆောင်းစိတ်ချမ်းသာရေးသာ ဦးစားပေးတက်သည်။.... တခါတရံ ခုလို ကလေးသဘာဝ ဆိုးချင်တာကလွဲရင်ပေါ့... လှုပ်လီ လှုပ်လဲ့ နှင့်.. လယ်ကွင်းရွံ့နွံက တက်လာသော ညီမဖြစ်သူကို... သားငယ်က ပလိုင်းတောင်းကိုင်ပေးသည် ။... ပြီးသည်နှင့်... သူ့ညီမကို နောက်က ထားကာ ဆောင်းဆီသို့ တကုပ်ကုပ်လာနေပုံက ဆောင်းကဘဲ မိန်းမရိုင်းကြီးသဖွယ်.....

ခင့် သက်လျာ......(complete)Donde viven las historias. Descúbrelo ahora