အချိန်စက်ဝန်းဟာ.. လူတွေကိုဂရုမစိုက်နိုင်အား.... သူရိန်နေမင်းဟာလဲ...တာဝန်မပျက်.. ထမ်းဆောင်လျက်.....သဘာဝတရားဟာ သူ့အရှိန်နဲ့သူလည်ပတ်မြဲပါ.... ပူပြင်းလာတဲ့ နေအရှိန်ဟာ..နွေဦးကိုကြိုနှင့်လေသည်ကြောင့်...အညာဒေသဟာ ဆောင်းတွက်.. အတော်ကိုအနေထိုင်ခတ်လှသည်... တနေ့တနေ့...ကျောင်းကိစ္စတို့နဲ့လုံးပန်းနေရပေမယ့်.. အပူဒဏ်ကိုတော့... ဆောင်းမကြိုက်တာအမှန်ပင်.... နွေကျောင်းပိတ်ရက်နီးလာ၍ စာမေးပွဲများနှင့် ကျောင်းမှာဆောင်းအလုပ်ရှုပ်နေသလောက်.... ခင် သည်လဲ.. လက်ထပ်ပွဲတွက်လုံးပန်းနေသည်....
''''သက်လျာ....လက်ထပ်ပြီးရင်.. ဘယ်မှာနေမယ်စဥ်းစားထားလဲ... ဟင်... '''
ယပ်တောင် တစ်ချောင်းဖြင့်... တဖျတ်ဖျတ်ခပ်ပေးနေသော.. ခင့်အမေးကို... ဆောင်းမစဥ်းစားရသေးပါ....
''''ခင်က... ဘယ်လိုစဥ်းစားထားလို့လဲ.... '''
''''ခင်ကတော့.. သက်လျာသဘောဘဲ... သက်လျာရှိတဲ့ဘယ်နေရာမဆို... ခင်က အဆင်ပြေတယ်.....'''
ခင့် စကားကြောင့်... ဆောင်း သဘောကျကျရယ်မိသည်....
'''ဆောင်းကတော့... ဒီအိမ်လေးမှာဘဲနေချင်တယ်.... ခင် အဆင်ပြေပါ့မလား.... '''
''''ခင်က အဆင်ပြေပါတယ်.... သက်လျာ.... ''
ဆောင်းလက်ကို ဖွဖွကိုင်ကာ... ဆော့ကစားနေသော... ခင့်ကို ဆောင်းကြည့်ပြီး... ပင့်သက်ရှိုက်မိသည်.... ခင်...သာဆောင်းကိုမရွေးချယ်ခဲ့ရင်.. ပျော်စရာ မိသားစုလေးပိုင်ဆိုင်ရနိုင်တယ်.... ခုတော့.. သွေးသားရယ်လို့ မဖန်တီးနိုင်တဲ့... ဒီလမ်းကိုရွေးဖို့ ခင်ဟာ.. သိပ်တက်ကြွသည်.... ဒါဆို ဆောင်းကရော..
''''သက်လျာ... အိမ်ထဲဝင်တော့မလား... '''
''''မဝင်သေးဘူး... ဆောင်းပူလို့... '''
''''ဒီမှာက လေအရမ်းတိုက်နေတာ... သက်လျာ... လေတိုက်တာက အပူသက်သာပေမယ့်... လေအရမ်းတိုက်တော့.. နေမကောင်းဖြစ်မယ်.. သက်လျာ... '''
''''ခင်.... '''
ခင်ပြောနေသည်ကို... အာရုံမရပါဘဲ... ဖြတ်ကာခေါ်လိုက်သော... သက်လျာကြောင့်..
'''ပြောလေ သက်လျာ.... ''''
'''ခင်... ဟို.. ''
ပြောနေသောစကားကို... ရပ်တန့်ကာ မျက်လွှာချလေသော.. သက်လျာကြောင့်... ခင် မျက်ခုံးတို့တွန့်ချိုးမိသည်... ဘာတွေများ စိတ်ဖိစီးနေသလဲ...ခင်.. သက်လျာမေးဖျားမှ ဆွဲကာ မျက်ဝန်းတို့စုံစေလိုက်သည်...