ခင်... အလုပ်ကို အမြန်လုပ်နေမိသည်.. ဘာကြောင့် အမြန်ပြီးချင်နေသည် ဆိုတဲ့ အကြောင်းပြချက်ကို ခင် မေးခွန်း မထုတ်ချင်သလို သိလဲမသိချင်ပါ... ခင်.. စာရင်းတွေ စစ်ပြီးချိန်မှာ ၁၁နာရီ ခွဲနေပြီ ဖြစ်သည်.. ခင် လိုအပ်သော စာရင်းတို့ကို ယူကာ အိမ်ပြန်လမ်းသို့ လှမ်းရတော့သည်.... ခင် စိတ်အ စဥ်ဟာ အရင်နေ့က အိမ်ပြန် ရက်နဲ့မတူ ပျော်ရွှင်နေသလိုပင်.. ခြေလမ်း တို့လဲ သွက်နေပုံပင်... တက်ကြွသော ခြေလမ်းတို့ဟာ ရွာလယ် လမ်းရဲ့ မြင်းကွင်းကြောင့် ရပ်တန့်ကုန်သည်...ပျော်ရွှင်နေသော စိတ်အစဥ်ဟာလည်း ဒေါသအဖြစ်သို့ ပြောင်းလဲလာသည်
ခင် ကိုယ်တိုင်လဲ ဘာကြောင့် ဒေါသထွက်ရလဲ မသိသလို သိလဲမသိချင်ပါ... ထို သူနှစ်ဦး၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်နှစ်စုံသည် ခင့် ကိုဒေါသထွက်စေသည်... ခင် လာနေသည်ကို ပင် မမြင်ရလောက်အောင် ဘာတွေများ အရေးတကြီး ပြောနေကြသနည်း...''''အဟမ်း..ချစ်ကြည်နူးတာမျိုးဆို ရွာလယ်လမ်းတော့ရှောင်မှပေါ့ မမခိုင် ဒါ အများပိုင် လမ်းပါ... အနေထိုင်တို့ ဆင်ခြေမှပေါ့.. '''''
ခင့် စကား အဆုံးမှာ လှည့်ကြည့်လာတဲ့ မျက်ဝန်းနှစ်စုံမှာ တစ်စုံကိုတော့ ခင် မျက်စိလွဲလိုက်သည်... ဒီမျက်ဝန်းတွေကို ခင် သေချာ မကြည့်ချင်ပါ .. ဘာရယ်ကြောင့်တော့ ခင် ကိုယ်တိုင်လဲ မသိပေ....
''''အော်... ခင် ပြန်တော့မလို့လား... ခိုင်လည်း အခုဘဲ ဆောင်းကို ပြန်ပို့ပေးတော့မလို့... "'''
ခိုင်ပြောပြီးပြီးချင်း ဆောင်း လက်တို့ကို လွှတ်လိုက်သည်... ခင် ၏ လှပသော မျက်ခုံးတို့ကို တွန့်ချိုး၍ ကြည့်သော မျက်ဝန်းတို့မှာ ခိုင်ကိုင်ထားသော ဆောင်းလက်ဆီမယ် ဆို တာ ခိုင်တွေ့သည်....
'''ဟုတ်လား မမခိုင်... ဒါပေမယ့် ဧည့်သည် တော်က ပြန်ချင်ပုံတော့ ပေါ်မနေဘူးနော်...'''
''''ငါပြန်မှာပါ... ခိုင့်ကို နှုတ်ဆက်နေတာ... "''
ခင့် စကားကို အလျှင် မြန် ပြန်ပြောနေသော အသေးလေးသည် တစ်စုံတစ်ခုကို စိုးထိတ်နေပုံပင်... မျက်ဝန်းတို့လဲ ဝတ်ရည် ဖွဲ့နေသည်ဟု ခင်ထင်သည်....