ခင့်.. သက်လျာ part(31)

3.7K 248 4
                                    

ခင့်စံအိမ်၌ အခန်းငယ်အတွင်း...ဆောင်းအား ဂရုတစိုက် အစာခွန့်နေသော.. ခင့်အား.. စိုင်းနောင် ကြည့်နေမိသည်မှာ အတော်ကြာနေပြီ ဖြစ်သည်.... ကိုယ်တိုင် ဘာမှ ဟုတ်တိပတိ မစားပဲ.. ထိုကလေးမအား ဂရုစိုက်နေသော ညီမဖြစ်သူကို စိုင်းစိုးရိမ်မိသည် ဒီတိုင်းဆို ခင်အိပ်ယာထဲလဲသွားနိုင်သည်... ၃ရက်အတွင်း.... အတော်ကို သက်သာလာပြီဖြစ်သော.. ထိုခလေးမသည်... အခုတော့ ထူထူထောင်ထောင် ဖြစ်နေပြီဖြစ်သည်.. သို့သော်.. ထို၃ရက်အတွင်း.. ခင်ဟာ ဘာမှမစားသလို ဘယ်မှလဲမသွား... ထိုခလေးမနားသာ ငူငူငိုင်ငိုင် ဖြင့်သာ..... စိုင်းဆက်မကြည့်နေနိုင်တော့ဘဲ.. အခန်းထဲသို့ဝင်ကာ...

'''ခင်... တစ်ခုခု စားတော့လေ.... ''''

ခင်.. သက်လျာအား... ဆန်ပြုတ်ခွန့်နေတုန်း.. ကိုစိုင်း မေးသံကြောင်​့.. ခင် ခေါင်းသာခါမိသည်...မစားနိုင်သေးပါ.. ခင့်ရင်ထဲ စိုးရိမ်မှုတို့သည်.. ခုမှသက်သာလာသော.. သက်လျာကြောင့်... လျော့ကျယုံရှိသေးသည်....  ခင့် သက်လျာကိုဂရုစိုက်ရအုန်းမည်မလို့ အစာစားဖို့ ဦးစားမပေးနိုင်သေးပါ.... ခင့်.. တွေးလက်စဖြင့် ဆောင်းအား . ဆက်ခွန့်သည်.. သို့သော်... ခင့်၏လက်တို့သည်.. လေထဲ၌သာရပ်တန့်ကုနသည်ကြောင့်.. ခင် ဆောင်းအားမော့ကြည့်မိသည်....

''''ခင်မစားရသေးဘူးလား.... တစ်ခုခု အရင်စားလိုက်ပါ...'''

'''ခင်က ရပါတယ် သက်လျာသာ အရင်စားပါ.. ဆေးလဲသောက်ရအုန်းမယ်.... '''

ခင့်စကားကြောင့် ဆောင်းနှုတ်ခမ်းဆူမိသည်.. ဘာရောဂါလဲသေချာမသိဘဲ.. ဆောင်းအိပ်ယာထဲ.. ၃ရက်လောက်လှဲနေရသည်.... အခုတော့ အတော်လေးကို.. သက်သာလာပြီဖြစ်သည်.... ဒါဟာလဲ... အခန်းထဲရှိ ထိုအမျိုးသား ၏ကျေးဇူးကြောင့်ပင်.....

'''လာ သက်လျာထပ်စား လိုက်အုန်း.... '''

ခင် ခွန့်ပေးလာသည်ကို... ဆောင်းရှောင်ကာ

'''ခင်...က ဆောင်းကို တကယ်မချစ်ဘူး.... '''

'''သက်လျာ.... !!'''

မျက်ရည်တို့ဝိုင်းကာ တကယ်မချစ်ဘူးပြောလာသော သက်လျာကြောင့်... ခင်အသံမြင့်ကာ ခေါ်လိုက်မိသည်.... ခင့် အသက်ထက်ချစ်ပါတယ်... သက်လျာ  ..ဘာကြောင့်များ အခုလို ထင်ရက်သလဲ.....

ခင့် သက်လျာ......(complete)Tahanan ng mga kuwento. Tumuklas ngayon