'''ထွေးညို... !!'''
'''ရှင်.... ထွေးညို... မီးဖိုခန်းမှာ... ဆောင်း... '''
မနက်စောစော... ဆောင်းအိမ်ငယ်လေးမှ ဆူညံသံတို့ဟာ... ထိုသို့ဖြစ်သည်.... မီးဖိုခန်းသို့လှမ်းလာနေသော.... ဆောင်းခြေသံ သွက်သွက်ကို ထွေးညိုကြားနေရသည်... ဘာတွေများ.... လောကြီးနေသလဲ... မသိ...
'''ထွေးညို.... '''
အခန်းအဝင်မှ... ခေါ်ကာ ထွေးညိုရှိရာ မီးဖိုဘေး.... ကပ်ထိုင်ကာ...
'''ထွေးညို... '''
'''ပြောလေ... ဆောင်း... ဘာလုပ်ချင်လို့လဲ... '''
ထွေးညိုကိုသာ... ခနခနခေါ်၍ စကားမဆက်သော.. ဆောင်းကို... ထွေးညိုကသာ.. စကားစရသည်... မျက်ဝန်းဝိုင်းဝိုင်း တို့ အနည်းငယ်လှုပ်ရှားကာ ပြောမယ့်စကားကို... အားယူနေသော ဆောင်းအား ကြည့်ကာ ထွေးညိုအသည်းယားမိသည်.... မနေ့က မမခင်စိတ်ဆိုးသည်ကြောင့်... ခုလိုတက်တက်ကြွကြွ မရှိနိုင်သော ဆောင်းဟာ... အခုတော့.. တက်ကြွလို့နေသည်...
'''ဟို... ထွေးညို.... '''
'''ဟုတ်ကဲ့..... '''
'''ကြာဇံချက်ပေးလို့ရလား ဟင်.... '''
မျက်ဝန်းတို့အားနာဟန်ဖြင့်... ကြည့်ကာ တောင်းဆိုပါသော.. ဆောင်းကြောင့်.. ထွေးညိုပြုံးမိသည်. ...
'''ရတာပေါ့... ဆောင်းစားချင်လို့လား... '''
'''မဟုတ်ပါဘူး... ခင့်အတွက်ပါ..... ဟို... ခင့်ကိုသွားပို့ချင်လို့....'''
'''ဟုတ်ပါပြီ... ဒါဆို... ထွေးညိုချက်ပေးပါ့မယ်... ဆောင်းမနက်စာစားချည်တော့လေ... '''
'''မဆာလို့... မစားချင်သေးဘူး.... '''
'''နည်းနည်းလောက် တော့စားလိုက်ပါ... ဆောင်းရယ် ဗိုက်အောင့်နေမယ်..... '''
ထွေးညိုစကားကို... ဆောင်းခေါင်းခါသည်မို့ ထွေးညိုဆက်မပြောဖြစ်....... ချက်ပြုတ်ရန်သာပြင်ရသည်... ထွေးညို ချက်ပြုတ်ရာဘေးထိုင်ကာ.... လုပ်သမျှကို လိုက်ကြည့်နေသော.. ဆောင်းကြောင့်
'''အိမ်ထဲသွားထိုင်နေပါ.... ဆောင်းရယ်... ဒီမှာက ပူတယ်....'''
'''ဟို... ထွေးညို... ခိုင်ယာထဲမသွားခင်... မှီပါ့မလား.. ဟင်... '''