မနက်ခင်းရဲ့ ရောင်ခြည်ဟာ ဆောင်းတို့အိမ်လေးကို သက်ရောက်လာပြီ ဖြစ်သလို ကျေးငှက်တို့ဟာလဲ တစာစာအော်ကာ မနက်ခင်းကိုနိုးကြားစေခဲ့ပြီဖြစ်တာကြောင့်.. မဖွင့်ချင်သေးသော မျက်ဝန်းတို့ကို အတင်းအကြပ်ဖွင့်ရန်စေခိုင်းရသည်မှာ ဆောင်းအတွက်တော့မလွယ်.... မနက်အိပ်ယာထရဲ့ အကျင့်အတိုင်းဘေးနေရာလွှတ်ကို ပိုင်ရှင်မရှိနေပေမယ့် စမ်းကြည့်မိတာဟာ ဆောင်းရဲ့အကျင့်လိုဖြစ်နေလေပြီ..... အေးဆက်ဆက် အထိတွေ့ဟာ ချစ်ရတဲ့ခင် အိပ်ယာထတာကြာပြီဖြစ်ကြောင်း သက်သေတည်သည်ကြောင့် ဆောင်းကိုယ်တိုင်လဲ သွက်သွက်ထကာ ပြင်ဆင်ရသည်.....
'''နိုးနေပြီလား သက်လျာ... ခင်ခုဘဲလာနိုးတော့မလို့....'''
မျက်နှာသစ်ပြီး သုတ်နေတုန်းအခန်းထဲ ဝင်လာသော... ခင့်ကို ဆောင်းပြုံးပြလိုက်သည်....
''''ပေး ခင်သုတ်ပေးမယ် မျက်နှာသစ်တာကို ဆံပင်ပါစိုအောင်လုပ်လာရသလား.. သက်လျာ... ''''
'''ဟင်း.. ဟင်း... !!!'''
ခင့် ကို မျက်နှာသုတ်ပဝါ ပေးကာ ဆောင်းကုတင်၌ထိုင်ပေးလိုက်သည်.... ရှေ့မှာရပ်ကာ ဆောင်းဆံပင်တို့အား ဖွဖွသုတ်ပေးနေသော ခင့် ခါးသွယ်သွယ်အား ဆွဲဖက်ကာ မျက်နှာအပ်မိသည်..... ဒီတိုင်းမြင်နေတာတောင်... ဆောင်း......ခင့်ကို လွမ်းလိုက်တာ... ခင်ရယ်
ခေါင်းခြောက်အောင်သုတ်ပေးနေတုန်း... ခင့် ခါးအား သိုင်းဖက်လာသော......သက်လျာကြောင့် ခင် အလိုက်သင့်လေးနေပေးကာ.. ဆံသားနုနုတို့ကို ဖွဖွပေးနေမိသည်...
''''ချစ်တယ်... ခင်.... '''
ခင့် ခါးကိုဖက်ကာ ဆိုလာပါသော သက်လျာကြောင့်
''''ခင်.. က ပိုမြတ်နိုးရပါတယ် သက်လျာ.. '''
''''ဒီနေ့.. ခင့်ကို အရမ်းလွမ်းနေသလိုကြီး ခင်ရယ်.... ဒီတရက် ယာထဲမသွားပါနဲ့လား.. ဟင်... ''''
နေလာတဲ့ တလကျော်အတွင်းမှာ သက်လျာဖက်က ပထမဆုံးတောင်းဆိုမှုပင်.... ခုရက်ပိုင်းအလုပ်များတာနဲ့.... သက်လျာကိုပစ်ထားမိပြီထင်ပါရဲ့... ခင့် သက်လျာရယ်..
သို့ပေမယ့်....... ခင် ကြိုးစားနေတာဟာ သက်လျာတွက်ပါဘဲ....