ခင့်..သက်လျာpart(5)

4.1K 264 0
                                    

ဆောင်း .... ခင် ခေါ်ရာကို လိုက်ရတော့သည်... ဆောင်းဒီရွာကို ခုမှရောက်သည် ခုဘဲ ပြသာနာက ဆောင်းဆီရောက်နေပြီ.. တစ်ခါတစ်လေ ဆောင်းဟာ.. နတ်ခတ် ဆိုးနဲ့ မွေးဖွားလာသလိုပင်.... ဆောင်းနဲ့ ပတ်သတ်သမျှ လူအားလုံးဟာ တစ်ခုမဟုတ် တစ်ခု ပြသာနာတက် ကြသည်မလား.... အခုလည်း ခင်ဆိုတဲ့ ကလေးမ နောက် ဆောင်းလိုက်လာသည်မှာ အတော်ကြာနေပြီ ဖြစ်ပေမယ့်... ခုထိမရောက်သေးပေ... လမ်းလျိုလမ်းကြား အတော်များများကို ဖြတ်လျောက်ခဲ့ပြီးသော်လည်း.. သူ၏အိမ်ကို မရောက်နိုင်သေးပေ... သူရဲ့ စံအိမ်ဆိုတာ ရွာပြင်မှာများလား.. ဒီလောက် လမ်း ရှုပ်နေရင် နောက်ရက်ကျ ဆောင်း ခိုင့်ဆီ ဘယ်လို သွာရပါ့မလဲ.... အခုတောင် ဆောင်း လမ်းတွေ မေ့ချင်နေပြီရယ်....

မမလေးဟို .. လျောက်နိုင်သေးရဲ့လားဟင်...

ထွေးညို ဆိုသော ကလေးမ လေးက ဆောင်းအား တိုးတိုးကပ်မေးသည်.... ရှေ့မှ ခြေလမ်း ကျယ်ကျယ် လျောက်နေသော ခင့်ကိုမကြားစေချင်ပုံ...ပင်.... ဆောင်း ပြုံးပြပြီး... ခေါင်းသာညိမ့်မိသည်..... တကယ်ဆို ဆောင်း မလျောက်နိုင်တော့ပါ... တစ်နေကုန် ကားစီးရ လမ်းလျောက်ရနဲ့ ခိုင်အိပ်မှာလဲ ထမင်းစားတုန်းသာ နားခဲ့ရသည်မလား... ဒါပေမယ့် ရှေ့က ဒေါသအိုးကို ကြောက်ရသည်မလား တော်ကြာ မလျောက်နိုင်ဘူးပြောလို့ ထားခဲ့ရင် ဒုခ မလား...

"'မမခင်က ဘာကြောင့် ဒီလမ်းက သွားနေလည်းမသိပါဘူး.... ဟိုဘက်လမ်းဆို ရောက်နေပြီကို.... ခုတော့ အချိန်ကုန်အောင်....."''

​ထေ်းညိုက ခေါင်းတကုတ်ကုတ်နဲ့ ခင့်ကို ကြည့်ပြီးပြောနေသည်....ဒါဆို ခင့်အိမ်ကို သွားဖို့ နောက်တစ်လမ်းရှိသေးတယ်ပေါ့

"'' ဟဲ့ ထွေးညို.. မြန်မြန်လျောက်စမ်း... ငါအချိန်မရှိဘူးပြောထားတယ်မလား"'''

''''''ဟုတ်..ဟုတ်ကဲ့ပါ.. မမခင်.. ထွေးညို လျောက်နေပါတယ်..... မမခင်ကသာ မြန်နေပြီးတော့"''''

ထွေးညို စကားအဆုံး ခင် နောက်ကို ပြန်လျောက်လာပြီး ထွေးညို ခေါင်းကို ​​​​ရိုက်သည် ''ဒေါက်'' ခနဲ မြည်သွားသံကြောင့် ဆောင်း မျက်လုံးအစုံ မိတ်မိသည်အထိပါဘဲ....

ခင့် သက်လျာ......(complete)Donde viven las historias. Descúbrelo ahora