ခင့်...သက်လျာ part(56)

3.7K 241 6
                                    

''''ဘယ်လိုဘဲချစ်လို့ယူထားပါစေ... ဖိုမ
ဆိုတာ သဘာဝဘဲမလား... ခင်လေးရယ်... '''

'''ဖြန်း... !!'''

'''အက်တာ ကာမပိုင်ရှိတဲ့ယောကျာ်း သက်လျာ ခများအက်လောက် အရှက်မမဲ့
သင့်ဘူး.... '''

'''ဖြန်း.... !!

'''ရူးနေပြီ... ခင်.. နင်ရူးနေပြီ... ....'''

ဖြစ်ခဲ့သမျှကို ပြန်တွေးကာ... ခင် ကိုယ့်ပါးကိုပြန်ရိုက်မိသည် ။... ဒီထက်မက လုပ်ချင်ပါသည် ။ ခင် ဘယ်လောက်ရူးမိုက်လိုက်သလဲ... ။ သက်လျာကိုမှ လုပ်ရက်မိလေခြင်း မယုံမိလေခြင်း.... စော်ကားမိလေခြင်း စတဲ့ နောင်တတရားတို့... ခင့်ကို ခြောက်လန့်လို့နေပြီ။... ဘယ်မျက်နှာနဲ့ သက်လျာကို ရင်ဆိုင်ရမလဲ.... ။... အဖြူစင်ဆုံး နဲ့ အမြတ်နိုးဆုံး သက်လျာကိုမှ... တန်ဖိုးမထား ကြမ်းရမ်းမိတဲ့... ခင်ဟာ... လူမဟုတ်တော့ဘူး... သက်လျာ... လူမဟုတ်တော့ဘူး.... တွေးလေ တွေးလေ... ခင့်် အပြစ်တွေတာမို့.... နာနာကျင်ကို နောင်တရမိသည်။..... ညကသာ... ခင် သက်လျာအပေါ် ကြမ်းရမ်းစွာ မကျူး လွန်မိခြင်းကိုသာ ခင့်ကိုယ်ခင် ပြန်ထိုင်ကန်တော့လိုက်ချင်သည်.... ။ သက်လျာ ဘယ်လောက်တောင် လန့်သွားမလဲ... ခင်.. နင်ရူးနေပြီ.... ''''

'''ရူးနေပြီ... ရူးနေပြီ.....နင်ရူးနေပြီ ခင်.... ရဲ့... ဖြန်း..ဖြန်း.... !!!'သက်လျာက.. ဘယ်လောက်တောင် ဖြူစင်လိုက်လဲ.... ဟင့်... ဖြန်း... '''

'''တော်ပါတော့.. မမခင်ရယ်.... တော်ပါတော့ဗျာ.... ခုချိန် ဆောင်းဆီသွားရမယ်မလား... ဆောင်းနေမကောင်း ဘူးလေဗျာ.... '''

ကျောင်းဆရာရဲ့ အိမ်မှာ အကြောင်းစုံနားထောင်ပြီးကတည်းက စိတ်နဲ့လူနဲ့ မကပ်သော မမခင် နောက် ထပ်ချက်မခွာ ဖိုးဝိုင်းလိုက်ရသည် ။ မမခိုင်ကတော့... စိတ်ဆိုး၍ မမခင်ကိုမစောင့်ပါဘဲ ပြန်နှင့်သည်ကြောင့်... မမခင် နောက်သာ လိုက်လာရသည်။... နှေးကွေးသော ခြေလှမ်းတို့နဲ့ မမခင်ဟာ.. သူ့ပါးသူ တဖြန်းဖြန်းရိုက်နေသည်ကြောင့်... ကြာလာတော့ လဲ ဖိုးဝိုင်း မနေနိုင် ဝင်ဆွဲရသည် ။.....

'''လွှတ်စမ်းပါ.... ငါ့ကြောင့် ငါ့ကြောင့်.. ဟင့် ငါ့ကြောင့်နဲ့... သက်လျာ နေမကောင်းဖြစ်ရတာ... အင့်... ငါ့ကြောင့်နဲ့ နာကျင်ရတာ... ငါ့ရဲ့ ဘာမဟုတ်တဲ့.... ဒေါသတွေကြောင့်..... မင်းသိလား.. ဟမ် မင်းသိလား.... '''

ခင့် သက်လျာ......(complete)Wo Geschichten leben. Entdecke jetzt