နောက်ရက်များတွင်လဲ ခင်ဟာ ဆောင်းကို မျက်စိရှေ့ကအပျောက်မခံသည်ကြောင့် ဆောင်း ခင့်အိမ်၌သောင်တင်နေသည်မှာ ၃ရက်ရှိလေပြီ.. ဒီရက်ထဲခင်ဟာ ယာထဲမသွားဘဲ ဆောင်းနားသာကပ်နေသည်ကြောင့် ဆောင်းကိုယ်တိုင်လဲ ကျောင်းမသွားရ..နေ မကောင်း၍ အမေပျောက်မဲ့ကလေးလို တဂျီဂျီ ဖြစ်သော ခင်သည် သိပ်အသည်းယားစရာကောင်းအောင် ချွဲနေသည်ကြောင့်.. ဆောင်းအချစ်ပိုရသည်.... သို့သော် အခုလိုအခြေနေကို ဆောင်းသဘောမကျချင်ပါ ဒါခင့်ရဲ့ ပုံစံမဟုတ်လေဘူးမလား... ခင်ဘာဖြစ်နေသလဲ ဆောင်းသိဖို့လိုပြီဖြစ်သည်... ခင်ကိုယ်တိုင်က. မပြောသည်မို့ ဆောင်းတစ်ခြားသူတွေဆီမှ မေးမြန်းရမည်... ..
'''သက်လျာ.... '''
ပြူတင်းပေါက်မှအပြင်ကိုငေးကာ အတွေးလွန်နေသော ဆောင်း... ခင့်အသံကြောင့် အတွေးတို့လက်စသတ်လိုက်သည်...
ဆောင်းရဲ့ခါးကိုဖက်ကာ.. ပခုံးပေါ် သို့ခင်ခေါင်းလေးတင်ကာ ဖြင့်....'''အောက်ထပ်မှ မတွေ့လို့... ခင်လိုက်ရှာနေတာ.... သက်လျာ... '''
ဒိလိုပါဘဲ.. ဒီ၃ရက်အတွင်း ခင်ဟာအခုလို ဆောင်းကိုဘဲလိုက်ရှာနေသည်....
'''အွန်း...''
''ဘာတွေ စဥ်းစားနေတာလဲ သက်လျာ... '''
''''ဘာမှမဟုတ်ပါဘူး ခင် ကျောင်းပျက်ရက်များနေတဲ့ အကြောင်းစဥ်းစားနေတာပါ.....'''
'''သက်လျာက... ခင်နဲ့ မနေချင်တော့လို့လား.. ဟင်... '''
ဟောကြည့်... အပြင်အကြောင်းနည်းနည်းစဥ်းစားမိတာနဲ့ သူ့ဆီက ထွက်သွားတော့မယ် သူနဲ့မနေချင်ဘူး ဆိုတဲ့ အတွေးမျိုးဘဲ ခင် ဒီရက်ပိုင်းတွေးနေသည်...
'''ခင်.... '''
'''အွန်း.. ပြောလေ သက်လျာ.... '''
''''ခင် ဒီရက်ပိုင်း ဘာတွေဖြစ်နေတာလဲ... သက်လျာကိုပြောပြပါ လား... '''
ဆောင်း ခင့်ဘာဖြစ်နေသည်ကို သေချာသိချင်၍ ပုံမှန်သုံးနေကြမဟုတ်သော သက်လျာဆိုတဲ့ နာမ်စားကိုသုံးကာ မေးမိသည်....
''''ခင် ဘာမှမဖြစ်ပါဘူး... သက်လျာစိတ်မပူပါနဲ့.... '''
ထိုစကားကိုပြောနေချိန် ဆောင်းခါးမှ ခင့်လက်တို့ တင်းတင်း ဆုပ်ထားသည်ကို.. ဆောင်းမမြင်ခဲ့ရင် ကောင်းမယ်... ခင်ရယ်....