Chapter(7)

1.6K 289 18
                                    

[Unicode]

"သခင်လေးဝမ်က အချိန်အရမ်းတိကျတယ်။ ဒီတစ်ယောက်က လုယောင်၊ သူကတော့ ငါ့ရဲ့ဆရာတူအစ်ကို ဇိုချီ"

လုယောင်က အလွန်နူးညံ့သောဝါးပိုးချည်မျှင်ဖြင့်ရက်လုပ်ကာ ရွှေချည်မျှင်ထိုးထားသည့် အစိမ်းပုပ်ရောင်ဝတ်ရုံကိုဆင်မြန်းထားသည်။ သူ့မျက်လုံးတို့က စပျစ်သီးသဏ္ဌာန် လုံးဝိုင်းလှပ၍ ကြီးမားကာစွမ်းအင်ပြည့်ဝလျက်ရှိသည်။ ဆံနွယ်တို့ကို သရဖူသဖွယ် ကျောက်စိမ်းကွင်းပျော့ဖြင့်စည်းနှောင်ထားကာ လုယောင်အသွင်ကကျော့ရှင်းလှပနေသည်။

ရှမ့်ချင်းအမတဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်၏သားအနေဖြင့် သဘာဝကျစွာပင် သူ့အရှိန်အဝါမှာလည်းအတိုင်းအဆမရှိဂုဏ်ရှိလှသည်။ သူ၏ဓား "တောက်ဖြာလရောင်" သည်လည်း လောကတစ်ခုလုံးတွင်တွေ့ရခဲကာ ရှားပါး၍တန်ဖိုးရှိသည့်ပစ္စည်းတစ်ခုလည်းဖြစ်သည်။

သိမ်မွေ့လေပြေနှင့် တောက်ဖြာလရောင်။

ထိုဓားနှစ်လက်သည် နယ်မြေတစ်ခုတည်းမှအတူဖြစ်တည်လာကြသည့်မွေးချင်းများဖြစ်ကြ၍ အမြဲလိုလို အချင်းချင်းမှီခိုနေကြသည်။

သိမ်မွေ့လေပြေနှင့် တောက်ဖြာလရောင်ဓားတို့သည် ညီအစ်ကိုဓားတစ်စုံဖြစ်သည်။ ဝေးလံလှသည့်အတိတ်တွင် သူတို့တွေဓားနှစ်လက်အဖြစ်ကွဲမထွက်ခင် ဓားတစ်လက်တည်းဖြစ်ဖူးခဲ့ကြသည်။ ဘယ်ရီသီးအရိုင်းတို့ ပင်လယ်ပြာအဖြစ်ပြောင်းလဲသွားပြီး မရေမတွက်နိုင်တဲ့လောက၏ဆင့်ကဲဖြစ်ပွားမှုတို့ကြောင့် ထိုအချိန်မှစ၍ ဓားနှစ်လက်စတင်ခွဲထွက်သွားခဲ့သည်။

လက်ရှိလောကတွင် တောက်ဖြာလရောင်သည် ပထမဆုံးပေါ်ထွက်လာခဲ့ပြီ။ ထိုအရာကို ရှမ့်ချင်းအမတဂိုဏ်း၏ခေါင်းဆောင်က သူ၏အဖိုးတန်သားကိုလက်လွှဲမပေးခင်ပိုင်ဆိုင်ခဲ့သည်။

ဟွားချဲ့၏အရင်ဘဝတွင် လှည့်လည်ခရီးသွားကာ အတွေ့အကြုံစုဆောင်းရန် ဂိုဏ်းမှထွက်ခွာခဲ့သည့်အချိန်က တစ်စုံတစ်ယောက်ကိုကယ်တင်ရန် ရေခဲကြာကန်ထဲသို့ သူပြုတ်ကျခဲ့သည်။ ထိုကိစ္စကြောင့် သိမ်မွေ့လေပြေဓားကို ဟွားချဲ့မတော်တဆတွေ့ရှိခဲ့သည်။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now