Chapter(6)

1.8K 306 29
                                    

[Unicode]

"အစ်ကိုဟွား အဲ့ဒီချူးမျိူးရိုးလူနဲ့မင်းတို့ကြားမှာ ဘာတွေဖြစ်နေကြတာလဲ?"

မူလတွင်မုရုန်စတွေးနေသည်မှာ ထိုလူနှစ်ယောက် သဘောတူညီမှုတစ်ခုပင်ရှိနိုင်မည်မဟုတ်ပဲ နောက်ဆုံးတွင်အပြင်းအထန်ထိုးနှက်ကြလိမ့်မည်ဟုပင်။ ငွေစအချိူ့ ကိုပင် သူကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကကာ သူ့မိတ်ဆွေအစား ပိုက်ဆံပြန်မပေးခင် ဟွားချဲ့၏အချက်ပြသင်္ကေတကိုသာစောင့်ဆိုင်းနေခဲ့သည်။

နေ့တစ်ဝက်လောက်ကြာအောင်သူစောင့်ခဲ့ရပြီးမှ ဒီလူနှစ်ယောက် အချင်းချင်းလက်ကိုင်ပြီး မိတ်ဆွေကောင်းတွေဖြစ်သွားကြမယ်လို့ ဘယ်လိုမျှော်လင့်ထားနိုင်မှာလဲ?

ချူးပင်းဟွမ်က သူတို့နဲ့အတူတူလင်းရှောင်ဘုရားကျောင်းကိုတောင် လိုက်လာဦးမယ်!

ဟွားချဲ့ အလွန်အမင်းဖိအားပေးခံနေရကာ ပင်ပန်းသည်ဟုပင်ခံစားခဲ့ရသည်။
"ဒါကို စကားလုံးအနည်းငယ်နဲ့ရှင်းပြဖို့ခက်တယ် အာ!"

မုရုန်စစိတ်ရှုပ်စွာဆိုသည်။
"ဒါဆိုလည်း ပုံပြင်အရှည်ကြီးကိုတိုအောင်လုပ်လိုက်! ဒီလိုမှမဟုတ်ရင် မင်းတို့နှစ်ယောက်ကြားမှာ ညပ်နေမယ့်လူဖြစ်ဖို့ ငါ့အတွက်ခက်တယ်"

"ဒီလိုလေးပဲ စဉ်းစားကြည့်ကွာ..."
ဟွားချဲ့ဆက်မပြောခင် ခေတ္တရပ်တန့်သွားသည်။
"ငါတို့တွေတစ်ချိန်တုန်းင အတူရှိခဲ့ကြတယ်။ နောက်တော့ ငါတို့လမ်းခွဲလိုက်ကြတယ်။ ဒီလိုမျိူးပဲ"

"အယ်?"
မုရုန်စက သူ့ကိုချက်ချင်းဆွံ့အစွာကြည့်နေသည်။ သူနားမလည်ဘူးဆိုတာ အရမ်းသိသာနေပြီ။

လူငယ်က စကားထပ်ပြောဖို့ကြိုးစားလိုက်သော်လည်း သူတို့ရှေ့မှလျှောက်နေသောချူးပင်းဟွမ်က ရုတ်တရက်သူ့ကိုလှည့်ကြည့်လာပြီး အေးစက်စက်တစ်ချက်ကြည့်နေသည်။

အခုတော့ မုရုန်စစိတ်တွေ လုံးဝရှုပ်ထွေးနေပြီဖြစ်သည်။ အချိန်အတန်ကြာသတိလက်လွတ်ဖြစ်ပြီးနောက် အသံတီးတိုးဖြင့်ညည်းတွားစကားမဆိုခင် ဟွားချဲ့ကိုကပ်၍မေးသည်။
"ငါဘယ်အချိန်တုန်းက သူ့ကိုစိတ်ဆိုးအောင်လုပ်မိလိုက်တာလဲ?"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now