[Unicode]
မိစ္ဆာဘုရင်ဟွားချဲ့ ရက်စက်ကြမ်းကြုတ်တာကို ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းသိကြတယ်။ သဘောထားကွဲလွဲမှုတစ်ခုလေးကြောင့် သူဟာတစ်စုံတစ်ယောက်ရဲ့မိသားစုတစ်ခုလုံးကိုရှင်းပစ်ဖို့ဖြစ်လာခဲ့တယ်။
လူတိုင်းကိုပိုပြီးကြက်သီးမွေးညင်းထသွားစေခဲ့တာတစ်ခုက မသေမျိူးဘုရင် ချူးပင်းဟွမ်ကိုသူဘယ်လိုပြန်ပေးဆွဲလာပြီး သူနဲ့တာအိုကျင့်ကြံရေးအဖော်လုပ်ဖို့အရှက်မရှိဖိအားပေးလိုက်လဲဆိုတာပဲ!
လူတိုင်းက သူ့ကိုကျိန်စာတိုက်ခဲ့ကြပြီး အရှက်မရှိတဲ့လူလို့ခေါ်ခဲ့ကြကာ စက်ဆုပ်ဖွယ်လူလိုဆက်ဆံခဲ့ပေမယ့်လည်း သူကအားလုံးကိုလျစ်လျူ ရှုထားခဲ့တယ်။ ဟွားချဲ့ မှာ သူ့ရဲ့လမင်းဖြူ လေးဆီက မျက်နှာသာပေးရဖို့ကိုသာ အနူးညံ့ဆုံးဖြင့်သတိရှိရှိကြိုးစားခဲ့သည်။
သို့ရာတွင် သေဆုံးသွားသည့်တိုင်အောင် ချူးပင်းဟွမ်ထံမှသူရခဲ့သည့်တစ်ခုတည်းသောအရာမှာ "အရှက်မရှိဘူး" နှင့် "ငါတို့ကဆန့်ကျင်ဖက်ရန်သူတွေ" ဆိုသည့်ထိခိုက်နာကျင်ဖွယ်စကားတို့သာဖြစ်သည်။
ကံကောင်းစွာ သူပြန်မွေးဖွားလာပြီးနောက်မှာတော့ ခိုးယူလာတဲ့ဖရဲသီးတွေဟာ ချိူ မြိန်မည်မဟုတ်ကြောင်း နောက်ဆုံးတွင်ဟွားချဲ့နားလည်သွားခဲ့တယ်။ ဒီလောက်ကောင်းတဲ့ကာလအတွင်း ကြောင်တစ်ကောင်နဲ့သာသာယာယာလမ်းလျှောက်ထွက်တာ (ဒါမှမဟုတ်) ခွေးကိုမျက်နှာပြောင်ပြပြီးကလိတာတို့က ပျော်စရာမကောင်းဘူးလား?
ပထမဆုံးအနေနဲ့သူလုပ်ရမှာက ချူးပင်းဟွမ်တို့မိသားစုဆီကိုသွားပြီး သူတို့စီစဉ်ထားတဲ့စေ့စပ်လက်ထပ်ပွဲကိုဖျက်ရမယ်။
ဒါပေမယ့်လည်း ဘဝတစ်ခုလုံးကိုကျင့်ကြံရေးထဲမှာသာမြုပ်နှံထားပြီး သူ့ကိုလည်းအမြဲလှောင်ပြောင်၍မထီမဲ့မြင်ပြုလေ့ရှိသည့် ဘဝင်မြင့်လွန်းတဲ့ချူးပင်းဟွမ်ဟာ ရုတ်တရက်ကြီး စရိုက်တွေပြောင်းလဲသွားတော့သည်။ ဟွားချဲ့ ဘယ်နေရာကိုသွားသွား အနောက်ကတစ်ကောက်ကောက်လိုက်နေပြီး သူ့ကိုလုံးဝအဆုံးရှုံးမခံတော့ဘူး!

ESTÁS LEYENDO
Everyday, Demon Lord is Escaping His Marriage {MM Translation}
Ficción históricaType : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra (Complete) This Story is not mine. I'm just a translator. Give all credits to the original author an...