Chapter(13)

1.3K 255 14
                                    

[Unicode]

"အထိန်းတော်ကျန်း ကို ပိုက်ဆံနည်းနည်းလောက်ပို့နိုင်ဖို့ရာ နည်းလမ်းတစ်ခုခုရှာဖို့ မင်းတို့ကိုငါပြောခဲ့တယ်လေ။ ဒါကို မင်းတို့ကလုံးလုံးလျားလျားအမူးလွန်ပြီး ဆောင်ကြာမြိုင်အထိကိုယ်တိုင်သွားပေးခဲ့တယ်တဲ့လား?"

ချူးပင်းဟွမ်၏အကြည့်များသည် အေးစက်ပြီး မှုန်ကုပ်နေသည်။ သူက အပြင်းအထန်သွေးမအန်မိစေရန် သူ့စိတ်ကိုထိန်းထားရသည်။

ကုသရေးကျင့်ကြံသူနှစ်ဦးသည် ဖြေရှင်းချက်မထုတ်မီ အချင်းချင်းစိတ်ပျက်လက်ပျက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ကြကာ
"သခင်လေး ဒါပေမယ့်ငါတို့က မင်းရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ခဲ့ပြီး သူမကို ပိုက်ဆံပေးခဲ့တယ်လေ"

ချူးပင်းဟွမ်သည် တကယ်ပင် သွေးများကိုထွေးထုတ်ချင်စိတ်ပေါက်သွားသည်။
"သူစိမ်းနှစ်ယောက်က ပြည့်တန်ဆာတစ်ခုကိုလာပြီး ဘာမှမလုပ်ဘဲ တစ်ယောက်ယောက်ကို ပိုက်ဆံအများကြီးပေးချင်တယ်။ ဒီလိုရုတ်တရက်အခြေအနက အထိန်းတော်ကျန်းကို လှည့်စားဖို့လွယ်ကူတယ်လို့ မင်းထင်နေတာလား ဒါမှမဟုတ် ဟွားချဲ့ကိုအရူးလို့ယူဆထားတာလား?"

ကုသရေးကျင့်ကြံသူနှစ်ဦးသည် အလွန်မှားယွင်းသွားပုံရသည်။ သူတို့တွေဟာ အခုထိဘာအမှားမှလုပ်မိတယ်လို့ မထင်ကြသေးပေ။

ချူးပင်းဟွမ်က ဒေါသကိုထိန်းလိုက်သည်။ သူတို့တွေကို အေးအေးဆေးဆေးရှင်းပြဖို့ သူအတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။
"ဟန်ကျိူးမြို့မှာ စိတ်ကူးယဉ်ဆန်ရလောက်အောင် ချမ်းသာကြွယ်ဝတဲ့သခင်လေးတွေ အများကြီးရှိတယ်။ မင်းတို့တွေ ဒီလိုမြို့်မှာ "လူသတ်ဖို့ ဓားငှားမငှားနိုင်လို့လား?" သူတို့တွေကို ငွေတုံးတွေပေးပြီး အထိန်းတော်ကျန်းကိုဆုငွေပေးဖို့ ခြေကြွခိုင်းလိုက်လေ။ အဲ့ဒီအကြံက မင်းနှစ်ယောက်ကိုယ်တိုင် သွားပေးလိုက်တာထက် ပိုစိတ်ချရတယ်မဟုတ်ဘူးလား?"

"သခင်လေးပြောတာမှန်တယ်!"
ယွင်ထျန်ရွှယ်ကျင်ရဲ့ တပည့်ငယ်လေးတစ်ယောက်က အလင်းရောင်ကို ရုတ်တရက် မြင်လိုက်ရသည်။
"သခင်လေးက ဉာဏ်ပညာအမြော်အမြင်ရှိပြီး ရေရှည်ကိုမြင်နိုင်တာပဲ။ကျွန်တော်တို့ကဘယ်လိုလုပ် အဲ့ဒီလိုအတွေးမျိူး စဉ်းစားနိုင်မှာလဲဗျာ?"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now