Chapter(16)

1.1K 234 12
                                    

[Unicode]

"တစ္ဆေ" ဆိုသော စကားလုံးကို ကြားလိုက်သည့်အခါ ထိုနေရာရှိလူတိုင်း ကြက်သီးမွှေးညှင်းများထသည်အထိ တုန်လှုပ်သွားကြရသည်။

ဟွားချဲ့နှင့် ချူးပင်းဟွမ်သာလျှင် အေးဆေးငြိမ်သက်စွာရှိနေသည်။

"ယင်စွမ်းအင် အပြင်းထန်ဆုံးနှစ်တစ်နှစ်ရဲ့ တစ္ဆေပွဲတော်ပဲ"
ဟွားချဲ့က ရှင်းပြသည်။
"လူဖြစ်စေ ဒါမှမဟုတ် သားရဲဖြစ်စေ...သူတို့သေဆုံးပြီးတဲ့အခါ သူတို့ရဲ့ဝိညာဉ်တွေအားလုံးဟာ တစ္ဆေနယ်မြေကိုသွားကြရမှာပဲ"

"တစ္ဆေနယ်မြေဆိုတာ စစ်ပွဲတွေ၊ အပြန်အလှန်သတ်ဖြတ်မှုတွေ အလွန်တရာပေါများလှတဲ့ တရားဥပဒေမဲ့နေရာတစ်ခု။ အကယ်၍ မင်းဟာ လွန်ခဲ့တဲ့ခုနှစ်ရက်ကတည်းက အသက်ရှင်နိုင်မယ်ဆိုရင် လူဝင်စားနိုင်ဖို့ဖြစ်နိုင်ပြီး သံသရာစက်ဝန်းထဲကို ပြန်ဝင်နိုင်လိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ မင်းဟာ တခြားသရဲတစ္ဆေတွေရဲ့ နှောင့်ယှက်ခြင်းကိုလည်း ခံရနိုင်တယ်"

"တစ္ဆေတစ်ကောင်ဟာ တစ္ဆေလောကထဲကလွတ်မြောက်ချင်ပြီး သေမျိူးနယ်မြေထဲ ပြန်သွားချင်တဲ့အခါ သူတို့တွေက သတ္တမလရဲ့ တစ်ဆယ့်ငါးရက်မြောက်နေ့မှသာလျှင် ပြောင်းရွှေ့နေထိုင်ဖို့ရွေးချယ်နိုင်ကြတယ်။ ဒါ့အပြင်၊ သူတို့ရဲ့စိတ်ဝိညာဉ်တွေကို ဒီတစ်ရက်အတွင်း ပြန့်ကြဲမသွားစေချင်ရင် သူတို့တွေရဲ့ရုပ်ခန္ဓာကို တည်ဆောက်ဖို့ ဒါမှမဟုတ် သေမျိူးခန္ဓာကိုခိုးယူဖို့လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် ဝိညာဉ်တစ်ခုဟာ သေမျိူးကမ္ဘာမှာ သူ့ဘာသာသူ ရှင်သန်နိုင်မှာ မဟုတ်ဘူး"

ဒါတွေအားလုံးကိုကြားလိုက်ရတဲ့အခါ အားလုံးမှင်သက်သွားကြလေ၏။

ဟွားချဲ့: "ကျင့်ကြံသူတစ်ယောက်ရဲ့ဝိညာဉ်နဲ့ ဝိညာဉ်စွမ်းအင်ကျင့်ကြံရေးတွေဟာ တစ္ဆေကျင့်ကြံသူတွေအတွက် အကောင်းဆုံးဖြည့်စွက်အစာပဲ။ ဇိုချီ့ရဲ့ ကံကြမ္မာက တကယ်ကိုဆိုးဝါးလိုက်တာ၊ တစ္ဆေနယ်မြေကအခုလေးတင်မှလွတ်လာတဲ့ တစ္ဆေကျင့်ကြံသူနဲ့မှ တည့်တည့်တိုးရတယ်လို့"

"အဲဒါ……"
ဝမ်ယွမ်၏မေးရိုးများ မယုံကြည်နိုင်လောက်အောင်အံ့သြတကြီးဖြင့် အထိတ်တလန့်ပြုတ်ကျသွားကြသည်။
"ညီ၈ မင်းဘာလို့တစ္ဆေကျင့်ကြံသူတွေအကြောင်း ဒီလောက်တောင်သိနေတာလဲ?"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now