[Unicode]
စောတယ်ဆိုတာက အချိန်မှန်တာလောက်မကောင်းဘူးဆိုတာကို လူတိုင်းသိကြတယ်။
ဒီနေ့က လပြက္ခဒိန် သတ္တမမြောက်လ၏ ၇ရက်မြောက်နေ့ဖြစ်သည့်အတွက် ဟန်ကျိူးတစ်မြို့လုံး တောက်ပသည့်မီးရောင်စုံများထိန်ထိန်ညီးလျက်ရှိသည်။ အမျိူးသမီးများက ဆုတောင်းပြည့်မီးခွက်များကို ရေကန်ထဲမျှောနေကြပြီး အချိူ့ ကအနောက်ဘက်ရေကန်တွင် သူတို့၏အချစ်သင်္ကေတတို့ကိုဖလှယ်နေကြသည်။ ထိုကဲ့သို့လှပကောင်းမွန်သည့်ညနေခင်းရှုခင်းများက လူများကိုမြင်ကွင်းတွင်ယစ်မူးသွားစေခဲ့သည်။
ဟွားချဲ့က ခေါင်မိုးပေါ်မှာလှဲနေတယ်။ အင်္ဂတေအုတ်ချပ်ပြားတွေက အတော်လေးအန္တရာယ်ရှိသော်လည်း အန္တရာယ်ကင်းနေဆဲပင်ဖြစ်နေသည်။
သူက ဆာကေးအချိူ့ သောက်ထားပြီး အနည်းငယ်ရီဝေဝေဖြစ်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ ဟွားချဲ့အိပ်ငိုက်သလိုစတင်ခံစားလာရသည်။
ချူးပင်းဟွမ်က သူ့ဘေးမှာထိုင်နေခဲ့သည်။ ဝိဉာဉ်စွမ်းအင်အချိူ့ ကိုသူထုတ်လွှတ်ပေးနေရင်း ဟွားချဲ့ကိုခြင်များကိုက်ခဲနှောင့်ယှက်ခြင်းရန်မှကာကွယ်ပေးနေသည်။
တောက်ပနေသည့်လရောင်က ကောင်းကင်အမှောင်ယံတွင် ကြယ်မိုးရွာသကဲ့သို့လင်းလက်ဖြာကျလျက်ရှိသည်။
ရုတ်တရက် ချူးပင်းဟွမ်က သူတို့ရဲ့အရင်ဘဝကိုပြန်အမှတ်ရမိသွားတယ်။ ဟွားချဲ့နဲ့သူ ရှမ့်ချင်းအမတဂိုဏ်းကိုသွားပြီး တပည့်ရွေးချယ်စစ်ဆေးပွဲကိုအတူတူဝင်ရောက်ခဲ့ကြသည်။ အခက်အခဲအားလုံးကိုကျော်လွှားရမည့်ခရီးစဉ်အတွင်း သူတို့နှစ်ယောက်သည် စောင့်ကြည့်နေသူတိုင်း၏အာရုံစိုက်ခြင်းကိုခံခဲ့ရသည်။
လင်းရှောင်ဘုရားကျောင်း၏ဝင်ရောက်ခွင့်နှင့်နှိုင်းစာကြည့်လျှင် ရှမ့်ချင်းအမတဂိုဏ်းကပို၍တင်းကြပ်သည်။ ခွန်းလွန်တောင်ခြေမှစတင်၍ ဝင်ရောက်ယှဉ်ပြိုင်သူများသည် ခြေလျင်ခရီးဆက်ကြရမည်ဖြစ်ကာ တောင်ထွဋ်အထိတက်ရမည်ဖြစ်သည်။ သူတိုရြဲ့လမ်းတစ်လျှောက်မှာလည်း အဆုံးမရှိတဲ့ထောင်ချောက်တွေနဲ့ပြည့်နှက်နေပြီး အဆိပ်ရှိသတ္တဝါများ၊ မိစ္ဆာသားရဲများ၊ သရဲတစ္ဆေတို့နှငိ့ ပုံရိပ်ယောင်တို့ပါဝင်သေးသည်။

VOUS LISEZ
Everyday, Demon Lord is Escaping His Marriage {MM Translation}
Fiction HistoriqueType : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra (Complete) This Story is not mine. I'm just a translator. Give all credits to the original author an...