Chapter(18.1)

1K 125 10
                                    

[Unicode]

လိုက်ဖမ်းနေစဥ္အချိန်အတွင်း သူ့ကိုယ်သူဖိအားပေးကာ ပိုမိုအားစိုက်ထုတ်လာစေရန် ဟွားချဲ့ကြိုးစားခဲ့သေးသည်။
'ပိုမြန်ဦး! ပိုအားစိုက်ဦး! စိတ်ပျက်ဖို့မကောင်းစမ်းနဲ့ကွာ!'

သို့ရာတွင် သူ၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေသေးကာ ယခုလက်ရှိ သူ့အခြေအနေမှာလည်း အကောင်းနှင့်အဆိုးတစ်ဝက်စီဖြစ်၍နေသည်။ သူ့ရဲ့လက်စွဲတော် 'သိမ်မွေ့လေ​ေ​​ပြ'ဓားက အခုချိန်မှာ နိုးထလာသင့်ပြီမဟုတ်လား?

သူ့ရဲ့အရင်ဘဝမှာတုန်းက ဟွားချဲ့ဟာ တခြားလူတွေကိုလေ့ကျင့်ပေးဖို့ မင်ယွဲ့တောင်ကြားကိုသွားရောက်ခဲ့ရသည်။ တစ်စုံတစ်ယောက်ကို ကယ်တင်ပေးဖို့ရာ သူခြေချဖို့နေရာကိုဆုံးရှုံးခဲ့ရပြီး တောင်ကြားထဲပြုတ်ကျကာ ၄မီတာအနက်ရှိတဲ့ ကြာပန်းကန်ထဲကိုကျသွားခဲ့သည်။

အဲ့ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် လဲလျောင်းအိပ်စက်နေခဲ့တဲ့ သူ့ရဲ့လက်စွဲတော်ဓားကို ရှာတွေ့ခဲ့လေသည်။

သူတို့ချင်းတွေ့ဆုံမှုဟာ အရင်ဘဝထက် လက်တွေ့မှာ ၁နှစ်မျှပိုစောနေသော်လည်း သိမ်မွေ့လေပြေသည် တိုက်ပွဲပေါင်းများစွာအကြား သူ့အနောက်ကိုသာလိုက်ခဲ့သည့် ဟွားချဲ့၏သစ္စာခံဓားတစ်လက်ဖြစ်သည်။

နေ့ရောညပါ ရန်သူများစွာကို တစ်ယောက်ချင်းသတ်ကာ ထိုလူတို့သွေးကိုသောက်သုံးခဲ့ပြီး တိုက်ပွဲတိုင်းမှာ အချင်းချင်းမှီခိုခဲ့ကြရသည်။

အတိတ်ကိုနောက်ပြန်စီးဆင်းသွားခဲ့တဲ့အချိန်စက်ဝန်းကြောင့် သူ့ရဲ့ဝိဉာဥ္ပေါ်မှာ ရင်းနှီးခဲ့သမျှအရာအားလုံးဟာ တကယ်ပဲ ဘာမဟုတ်သလိုပျောက်ကွယ်သွားတော့မှာလား?

ဟွားချဲ့က တောင်ထိပ်ပေါ်ကိုတက်သွားခဲ့ပြီး စိုးရိမ်တကြီးအသက်ပြင်းပြင်းရှုလျက် အောက်ဘက်ကိုငုံ့ကြည့်နေလေ၏။ မီးရှို့သူမှာ သူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

ဒါပေမယ့် ဒါကအံ့ဩစရာမဟုတ်ပါ။ အကယ်၍ ထိုလူက လွတ်မြောက်ဖို့ဆန္ဒရှိတယ်ဆိုရင်တောင် လက်ရှိသူ့အခြေအနေနဲ့ ထိုလူကိုလိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now