[Unicode]
ဟွားချဲ့၏မျက်လုံးတွေ မရည်ရွယ်ပဲနီမြန်းလာသည်နှင့်အမျှ သူ့နှလုံးသားဟာလည်းနွေးထွေးလာခဲ့သည်။
အကယ်၍ဒီစကားတွေကို သူ့အရင်ဘဝမှာတည်းက ပြောခဲ့မယ်ဆိုရင်၊ သူ့အရင်ဘဝက အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်လာပြီး အခုချက်ချင်း အရူးတစ်ယောက်အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။
"ဘာအရက်မှတောင် မသောက်ရသေးပဲနဲ့ မင်းဘယ်လိုမူးသွားတာလဲ?"
ဟွားချဲ့မတ်တပ်ထရပ်လိုက်ပြီး ထိုနေရာမှပြေးထွက်လာခဲ့သည်။အရင်ကရှိခဲ့တဲ့ သူ့ရဲ့တောင့်တမှုတွေက အခုတော့သူ့အတွက် ကြောက်စိတ်တွေဖြစ်စေခဲ့ပြီ။
နောက်ဆုံးတွင် ဟွားချဲ့သည် အခက်အခဲများစွာဖြင့်သူ၏အချစ်ဟောင်းများကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ချိူ မြိန်သောစကားလေးတစ်ခွန်းကြောင့် တူညီသောရှုံးနိမ့်မှုဆီသို့ နောက်တစ်ကြိမ်ထပ်မလိုက်ချင်တော့ပေ။
ဟွားချဲ့၏ကျောပြင်ကိုကြည့်ရင်း ချူးပင်းဟွမ်သည် သူ့နောက်ကိုလိုက်ဖို့ အစီအစဉ်မရှိခဲ့ပေ။ ဒါက အလျင်စလိုလုပ်ဖို့မဖြစ်နိုင်တဲ့ကိစ္စမှန်း သူသိနေတယ်။
လက်ရှိတွင် ဟွားချဲ့သည် အသက်ဆယ့်ခြောက်နှစ်သာရှိသေးသည်။ သူက လေနဲ့မိုးကိုဆင့်ခေါ်နိုင်ပြီး ချောမောလှပ၊ ပရောပရည်ကျတဲ့ နတ်ဆိုးဘုရင်နဲ့လုံးဝခြားနားနေသည်။ အတွင်းကျကျမှ အပြင်အထိ လက်ရှိဟွားချဲ့သည် အလွန်အပြစ်ကင်းစင်နေဆဲဖြစ်သည်။
ဒီကောင်လေးက အမြဲလိုလို ဟိုဟိုဒီဒီပွေလီရင်း ချစ်ရေးချစ်ရာစိတ်ကူးယဉ်ဆန်မှုတွေမှာ ကျွမ်းကျင်သူတစ်ယောက်လိုဟန်ဆောင်ထားတာကြောင့်နဲ့ အလှည့်စားမခံပါနဲ့။ တကယ်တမ်းမှာတော့ ဟွားချဲ့မျက်နှာက စက္ကူ ထက်တောင်ပိုပါးနေသေးတယ်။
ဒါပေမယ့်ဒီဘဝမှာတော့ ချူးပင်းဟွမ်ကသူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထပ်မံလွမ်းဆွတ်နေခွင့်ပြုတော့မည်မဟုတ်ပေ။
အဲ့ဒီညမှာပဲ ဟွားချဲ့ကအထိန်းတော်ကျန်းကို နှုတ်ဆက်စကားပြောခဲ့သည်။ ရူးကြောင်ကြောင် ကြောက်လန့်တကြားဖြင့် လင်းရှောင်ဘုရားကျောင်းသို့သာ သူဘာသာသူ ပြန်လာခဲ့သည်။
YOU ARE READING
Everyday, Demon Lord is Escaping His Marriage {MM Translation}
Historical FictionType : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra (Complete) This Story is not mine. I'm just a translator. Give all credits to the original author an...