Chapter(10)

1.4K 280 36
                                    

[Unicode]

ကျွမ့်ရှောင်အာ၏မေးရိုးတစ်ခုလုံး ပြုတ်ထွက်လုမတတ် ပါးစပ်အဟောင်းသားဖြစ်သွားကာ အထိတ်တလန့်ဖြစ်သွားပြီး အသိစိတ်ပျောက်လုနီးပါးဖြစ်သွားသည်။
"အဲ့ အဲ့ အဲ့ အဲ့ အဲ့ဒါ...အဲ့လောက်တောင်ကြီးမြတ်လွန်းတာလား?"

ဝမ်ယွမ်ကသက်ပြင်းချရင်းပြောသည်။
"ညီ၂ ရှမ့်ချင်းအမတဂိုဏ်းကတပည့်တွေရဲ့အပြုအမူတွေကို မင်းသတိမထားမိဘူးလား? သူတို့တွေတစ်ယောက်ချင်းစီတိုင်းက အရမ်းအရှိန်အဝါကြီးကြပြီး တခြားဂိုဏ်းကတပည့်တွေကိုလည်းဘယ်တော့မှအလေးအနက်မထားကြဘူး။ အဲ့ဒီအချိန်တုန်းက ငါလည်းဒေါသတော်တော်ထွက်နေပေမယ့် ဘာမှမလုပ်ရဲခဲ့ဘူး။ ဟွားချဲ့လက်သီးက ငါ့ကိုတော်တော်စိတ်သက်သာရာရစေခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကိုလုံးဝလေးစားတယ်"

ကျွမ့်ရှောင်အာ : "အစ်ကိုကသူ့ကိုလေးစားရင်တောင် ဘာအသုံးဝင်မှာလဲ? ရှမ့်ချင်းအမတဂိုဏ်းကိုစိတ်အနှောင့်အယှက်ပေးတာကောင်းသလား? ဇိုချီရဲ့ဆရာကိုတွန်းအားပေးဖို့ ဒီလောက်လွယ်ကူနေလား? အဲ့ဒီဟွားချဲ့က ပျားအုံကိုမှ တုတ်နဲ့ထိုးလိုက်တာဗျ!"

ကျွမ့်ရှောင်အာက ကျွမ့်ထျန်ကိုကြည့်လိုက်ပြီးပြောသည်။
"ဆရာ! ဟွားချဲ့က ရှမ့်ချင်းအမတဂိုဏ်းကိုစော်ကားခဲ့တဲ့အတွက် ရှေ့လျှောက်သူ့ဘဝကောင်းကောင်းမနေရမှာကိုစိုးရိမ်မိတယ်။ ရှမ့်ချင်းအမတဂိုဏ်းက အပေါ်ယံမှာဖြောင့်မတ်မှန်ကန်ပြီး အငြင်းပွားမှုမရှိတဲ့ဂိုဏ်းအဖြစ်ဖော်ပြထားပေမယ့်လည်း အနာဂတ်မှာဟွားချဲ့ဘဝကို သူတို့တွေခက်ခဲအောင်လုပ်မယ့်အရေးက ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ သူ့ကိုတပည့်အဖြစ်လက်ခံလိုက်ရင် လင်းရှောင်ဘုရားကျောင်းတစ်ခုလုံး ဒီကိစ္စကြောင့်ပါဝင်ပတ်သက်လိုက်ရမှာကိုစိုးရိမ်ရတယ်"

"ညီ၂ မင်းပြောချင်တာက ငါတို့တွေဟွားချဲ့ကိုထပ်ပြီးဂရုစိုက်မပေးသင့်တော့ဘူးလို့ဆိုလိုတာလား?"
ဝမ်ယွမ်စိတ်ဓာတ်ကျပြီး နဖူးကျုံ့ထားလိုက်သည်။

ကျွမ့်ရှောင်အာ : "သူ့ကိုဂရုမစိုက်ချင်ဘူးလို့ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ဂရုစိုက်ပေးဖို့နည်းလမ်းကိုမရှိဘူး! ရှမ့်ချင်းအမတဂိုဏ်းမှာအင်အားအများကြီးရှိပေမယ့် ကျွန်တော်တို့လင်းရှောင်ဘုရားကျောင်းဂိုဏ်းငယ်လေးရဲ့အခြေအနေကိုလည်း တစ်ချက်လောက်ကြည့်ပါဦး။ တကယ်လို့ တစ်ခုခုသာဖြစ်ခဲ့မယ်ဆိုရင် တပည့်ငယ်လေးတစ်ယောက်ကိုတောင်မကာကွယ်ပေးနိုင်မှာကို ထည့်ပြောမနေနဲ့တော့! ကျွန်တော်တို့ဂိုဏ်းတစ်ခုလုံးတောင် ဘေးဆိုးဒဏ်ခံစားရလိမ့်မယ်!"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now