Chapter(9)

1.4K 283 27
                                    

[Unicode]

ကြောက်ရွံ့မှုနဲ့ထိတ်လန့်ုတုန်လှုပ်မှုတွေကို လုယောင်ခံစားလိုက်ရသည်။
"ချင်းခုံ...."

ဟွားချဲ့မျက်လုံးတွေဟာ လှောင်ပြောင်မှုတို့ဖြင့်ပြည့်နေသည်။
"ရှမ့်ချင်းအမတဂိုဏ်းရဲ့ဘိုးဘေးတွေက နတ်ဆိုးတွေကိုခေါင်းဖြတ်ဖို့နဲ့ မကောင်းဆိုးဝါးရန်ကိုခုခံကာကွယ်နိုင်ဖို့ဖြစ်ပြီး အားလုံးက လောကရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံမှုကို အနှစ်တစ်သောင်းတိုင်အောင်စောင့်ရှောက်ကာကွယ်ပေးဖို့ သူတို့ရဲ့အငယ်တွေကိုသင်ပေးခဲ့ကြတယ်။ ဒါပေမယ့် အခုမင်းကိုယ်မင်းပြန်ကြည့်လိုက်ပါဦး! မင်းတို့မျိူးဆက်က တစ်ဆက်ပြီးတစ်ဆက်ပိုပြီးဆိုးရွားလာတယ်"

"ဂိုဏ်းတစ်ခုခုထဲဝင်ခွင့်ရဖို့ မျှော်လင့်နေကြတဲ့ကျောင်းသားတွေကိုတောင် အေးအေးဆေးဆေးနဲ့လျစ်လျူ ရှုထားမယ်ဆိုရင် နတ်ဆိုးတွေကိုနှိမ်နင်းပြီး ဒါမှမဟုတ် သနားကြင်နာမှုနဲ့ငါတို့လောကကိုကယ်တင်မယ်လို့ ဘယ်လိုမျှော်လင့်ချက်ထားရမှာလဲ?"

ဒီလိုလူတွေဟာ ဖန့်ချင်းနတ်ဆိုးခန်းမဆောင်နဲ့တောင် နှိုင်းယှဉ်လို့မရနိုင်ပေ။ အနည်းဆုံးတော့ အဲ့ဒီမှာရှိတဲ့လူတွေက သူတို့အရိုးထဲမှာမုန်းတီးစိတ်တွေလုံးဝဖြစ်နေကြသည်။ အလွန်အမင်းစံနှုန်းမြင့်မားသည့် ဖြောင့်မတ်မှန်ကန်သောကျင့်ကြံသူများနှင့်မတူညီနေခဲ့ပေ။

ဇိုချီသင်ခန်းစာအပေးခံနေသည်ကိုကြည့်နေစဉ် လုယောင်၏မျက်နှာသည် အပူမီးတို့နှင့်အတူ ပေါက်ကွဲလုမတတ်နီမြန်းနေသည်။ ခဏအကြာ သူဘာဆက်လုပ်ရမလဲဆိုတာမသေချာတော့ပဲ သူ့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကိုလည်း လုံးဝမခံစားမိတော့ပေ။

ဝမ်ယွမ်က ဝမ်းလျားမှောက်လဲကျနေရာမှ သူ့ကိုယ်သူပြန်ထူရင်းထနေသည်။ အဲ့ဒီနောက်မှာ သူဟွားချဲ့ကိုအရမ်းလေးစားသည့်အကြည့်ဖြင့်မော့ကြည့်လိုက်သည်။

သို့ရာတွင် အချိန်ကြာမြင့်စွာလျစ်လျူ ရှုခံထားရသည့်ဧရာမမြွေကြီးသည် နောက်ဆုံးတွင်သည်းမခံနိုင်တော့ပဲ အလွန်ရှည်လျားသည့်လျှာကိုထုတ်ချည်သွင်းချည်ဖြင့်ပြုမူနေသည်။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now