Chapter(2)

1.9K 351 18
                                    

[Unicode]

သူပြန်မွေးဖွားလာတာဖြစ်ရမယ်လို့ ဟွားချဲ့သတိထားမိလိုက်သည်။

ရီရမလား/ငိုရမလားတောင်သူမသိတော့ဘူး။

နောက်ဆုံး အခုသူဘယ်အချိန်ကိုပြန်ရောက်လာလဲဆိုမှတ်မိဖို့ အချိန်အတော်ကြာအောင်စဉ်းစားခဲ့ရသည်။

ဒီအချိန်ဆိုရင် အမတနယ်မြေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အရာအများအပြားရှိလောက်သည်။ ဂိုဏ်းအကြီးနှင့်အသေးများက ယင်ကောင်များကဲ့သို့ပွားများနေကြကာ သူတို့ကိုရှမ့်ချင်းအမတဂိုဏ်းကတာဝန်ယူထားရသည်။

ရှမ့်ချင်းအမတဂိုဏ်း၏ခေါင်းဆောင်မှုအောက်တွင် အခြားအဖွဲ့သုံးခုကလည်း သူတို့သဘောထားနဲ့သူတို့ကိုယ်ပိုင်နယ်မြေကိုအုပ်စိုးခဲ့ကြသည်။ ဒီသဘောထားကွဲလွဲသည့်အဖွဲ့များမှာ အတိအကျပင် ဖုန်းမင်တောင်ကြား၊ ယဲ့ရော်ရှန့် နှင့် ယွင်ထျန်ရွှယ်ကျင်တို့ဖြစ်ကြသည်။

ဒီမိသားစုဂိုဏ်းသုံးခုလုံး၏တန်ခိုးအာဏာနှင့် လွှမ်းမိုးမှုတို့သည်အကြမ်းအားဖြင့်နှိုင်းယှဉ်၍ရနိုင်ပြီး သူတို့အားလုံးသည် ရှမ့်ချင်းအမတဂိုဏ်း၏ဦးဆောင်မှုအောက်တွင်ရှိခဲ့သည်.

ချူးပင်းဟွမ်သည် ယွင်ထျန်ရွှယ်ကျင်မိသားစု၏ အကြီးဆုံးသားဖြစ်သည်။ သူ၏ထင်ပေါ်ကျော်ကြားသည့်မိသားစုနောက်ခံနှင့်အတူ သူသည်ချမ်းသာကြွယ်ဝ၍ ဂုဏ်သိက္ခာရှိစွာမွေးဖွားလာခဲ့သည်။

သူဟာ ငယ်ရွယ်စဉ်တည်းက ထူးခြားစွာထင်ပေါ်လွန်းပြီး ပုံမှန်လူများကမနာလိုရလောက်အောင် ပင်ကိုစွမ်းရည်များ သာလွန်ထက်မြက်လွန်းခဲ့သည်။

ဒီနှစ်ဟာ ချူးပင်းဟွမ်ရဲ့အသက်၁၆နှစ်သည့်အချိန်ဖြစ်သည်။ ဟွားချဲ့က သူ့ထက်သုံးလပိုကြီးသည်။

အတိတ်ကလူတွေသူ့ကိုအပြစ်တင်ရှုတ်ချခဲ့သလိုပဲ ဟွားချဲ့ရဲ့မွေးမိခင်ဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်တယ်။ သူမဟာ အနီရောင်ခရိုင်မှာပိတ်မိခဲ့တဲ့အမျိူးသမီးတစ်ယောက်ဖြစ်ပြီး ဘဝအပြောင်းအလဲများစွာနှင့်ကြုံဆုံခဲ့ရသည်။

သူမနာမည်မှာ ဟွားမိန်အာ ဖြစ်ပြီး သူမအသွင်မှာလည်း အမည်အတိုင်းပင် အလွန်သိမ်မွေ့၍ချစ်စဖွယ်အတိဖြစ်ကာ ဆွဲဆောင်မှုအလွန်ရှိသောမိန်းမငယ်လေးဖြစ်သည်။ သူမ၏သွေးဆောင်ဖြားယောင်းတတ်မှုကျွမ်းကျင်ခြင်းသည် အလွန်ထူးကဲကောင်းမွန်ကာ နယ်မြေကိုးခုနှင့်ပင်လယ်လေးခုစလုံးတို့၏ မနာလိုမှုကိုပင်ခံခဲ့ရသည်။ လူသား၊ ဝိဉာဉ် သို့မဟုတ် နတ်ဆိုး ဘယ်သူဖြစ်စေ သူမ၏ခြေဖဝါးအောက်တွင်ခေါင်းငုံ့ပေးကြစမြဲဖြစ်သည်။ ရိုင်းစိုင်းကြမ်းကြုတ်သည့်အနှိုင်းမဲ့ကျင့်ကြံခြင်းတန်ခိုးရှင်သည်ပင် သူမ၏နောက်ပြန်အကြည့်တစ်ချက်ဒဏ်ကိုခုခံတွန်းလှန်နိုင်မည်မဟုတ်ချေ။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now