Chapter(17.2)

2.3K 287 19
                                    

[Unicode]

"ဟမ်?"
ဝမ်ယွမ် အတော်လေးထိတ်လန့်သွားရသည်။

ဟွားချဲ့ကသည် သူအမှန်အတိုင်းပြောနေသည့် အသံနေအသံထားဖြင့်
"ငါက ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ခါစပဲရှိသေးတာ။ ငါ့ရဲ့အချက်အလက်တွေအရ တစ်ချိန်ကငါဟာ ရှမ့်ချင်းအမတဂိုဏ်းက ထက်မြက်တဲ့တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်"

နှာခေါင်းရှည်၏မျက်နှာတစ်ခုလုံးသည် အထင်အမြင်သေးခြင်းအကြည့်တို့ဖြင့် ပြည့်နှက်သွားသည်။
"မင်းတကယ်ကြီး အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောထွက်နိုင်တာပဲ"

ဟွားချဲ့ သက်ပြင်းမချမီ ပခုံးတွန့်ပြလိုက်သည်။
"ကံမကောင်းတာက ဒီကောင်အရမ်းခေါင်းမာနေလို့ ငါသူ့နာမည်ကိုတောင် အစ်အောက်ထုတ်လို့မရခဲ့ဘူး"

"ခဏနေပါဦး!"
နှာခေါင်းရှည်သည် ဟွားချဲ့၏ မရိုးမရွလှည့်ပတ်မှုများကို ရပ်တန့်စေလိုက်ပြီး
"ပထမဆုံးအနေနဲ့ ရှမ့်ချင်းအမတဂိုဏ်းရဲ့ တပည့်တစ်ယောက်အဖြစ်နဲ့ ဘာကြောင့် ဟန်ဆောင်ရတာလဲ? တခြားဂိုဏ်းတွေနဲ့က အလုပ်မဖြစ်လို့လား? အချက်အလက်တွေရှာဖို့ ရှမ့်ချင်းအမတဂိုဏ်းရဲ့နာမည်ကိုသုံးတာက ဘာကြောင့်မသုံးမဖြစ်လို့ မင်းထင်တာလဲ?"

"ဒုတိယအနေနဲ့ သူ့ကို မင်းတစ်ယောက်တည်း စစ်ဆေးမေးမြန်းချင်တယ်ဆိုတဲ့အထိ ဟုတ်သေးတယ်၊ ဒါပေမယ့် မင်းဘာလို့ အပြင်ဘက်မှာ အတားအဆီးတစ်ခုကို ချထားရတာလဲ? မင်းတို့နှစ်ယောက် ရှက်စရာတစ်ခုခုပြောနေကြလို့လား? ဒါမှမဟုတ် အရိပ်အယောင်ပြနေကြတာလား?"

နှာခေါင်းရှည်က ချူးပင်းဟွမ်ကို ကြည့်လိုက်သည်။ အတားအဆီးကို သူရှာတွေ့ပြီး ဖောက်ဝင်ချင်ခဲ့တဲ့အချိန်မှာ ချူးပင်းဟွမ်က သူ့ကိုတားဆီးခဲ့သည်။

သို့သော် ဟွားချဲ့သည် နှာခေါင်းရှည်ကို အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုးသာ စိုက်ကြည့်နေလေသည်။
"ပထမဆုံးအနေနဲ့ သူက ဇိုချီ့ကိုသတ်ခဲ့တယ်၊ အဲ့ဒီအချက်က သူဟာ ရှမ့်ချင်းအမတဂိုဏ်းကို မုန်းတီးနေတယ်လို့ မဆိုလိုနေဘူးလား?"

"ဒုတိယအနေနဲ့၊ ငါကိုယ်တိုင် တစ္ဆေကျင့်ကြံသူလိုဟန်ဆောင်ပြီး သူနဲ့တန်းတူဖြစ်ဖို့ 'ဒုက္ခတွေကိုချစ်မြတ်နိုးသူအသွင်ပြပွဲတစ်ခု' ဖန်တီးပြီးသရုပ်ဆောင်ခဲ့တယ်။ အတားအဆီးတစ်ခု ထားရတယ်ဆိုတာ 'မင်းနဲ့ငါက တူညီတဲ့ဂိုဏ်းတစ်ခုတည်းက အစိတ်အပိုင်းတွေဖြစ်တယ်၊ ဒါကြောင့် မင်းပြောချင်တာကိုပြောနိုင်တဲ့အပြင် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး' လို့ ပြချင်တာ"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now