Chapter(5)

1.9K 333 32
                                    

[Unicode]

မုရုန်စသည် လွန်ခဲ့သောအချိန်အနည်းငယ်က ချူးပင်းဟွမ်ကိုရုတ်တရက်တွေ့လိုက်ချိန်တွင် ဟွားချဲ့ဘာကြောင့်ထိတ်လန့်နေတာလဲဟု သူတွေးတောနေမိသည်။ အခုတော့ သူ့ဆံပင်တွေ ချက်ချင်းလေပေါ်သို့ထောင်ထသွားသည်ဟုပင် သူခံစားလိုက်ရသည်။

ကြားသိခဲ့သည့်သတင်းတို့က ယွင်ထျန်ရွှယ်ကျင်၏သခင်လေးသည် ရေခဲတုံးလိုစိတ်ဖြင့် မာနကြီးသောအကျင့်စရိုက်ရှိသည်ဟူ၍ုဖြစ်သည်။ ဖုန်းမင်တောင်ကြား၏သခင်လေးတစ်ယောက်အနေဖြင့် မုရုန်စသည် ချူးပင်းဟွမ်၏ဖိအားပေးမှုအပေါ် သဘာဝကျစွာကြောက်လန့်မှုမရှိပေ။

ထိုအစား သူ့သွေးတွေလုံးဝအေးခဲသွားသည်ဟုခံစားရခြင်းမှာ သူ့ကိုယ်သူ ဟွားချဲ့၏ဖိနပ်ထဲဝင်မိပြီဟုတွေးမိသောကြောင့်ဖြစ်သည်။

အစ်ကိုဟွားချဲ့နှင့် သခင်လေးချူးပင်းဟွမ်တို့သည် ရန်သူများဖြစ်သည်ဟု မုရုန်စတိတ်တိတ်လေးယုံကြည်နေမိသည်။ သို့ရာတွင် ဟွားချဲ့မှာစွမ်းအင်နည်း၍ ယုံနိုင်ဖွယ်ရာမရှိအောင်အားနည်းလွန်းသည်။

သြဇာအာဏာရှိတဲ့ သခင်လေးချူးရဲ့လိုက်လံဖမ်းဆီးခံပြီး သေဖို့ဆိုတာ ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်သလဲ"

အဲ့ဒါအပြင်ကိုမှ အခုချူးပင်းဟွမ်ရဲ့အသွင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်ကျနေသည်။

မုရုန်စ၏အလိုလိုသိစိတ်အရ : သူတို့တွေပြီးဆုံးသွားပါပြီကွယ်။

ရှမ့်ချင်းအမတဂိုဏ်းသည် ဓားကျင့်ကြံရေးတွင်အလွန်ကျွမ်းကျင်လှသည်။ ယဲ့ရော်ရှန့်ဂိုဏ်းက ဂီတကျင့်ကြံရေးတွင်အာရုံစိုက်နေစဉ် ယွင်ထျန်ရွှယ်ကျင်၏ကျင့်ကြံသူများက ကုသရေးတွင်အဓိကပါဝင်ခဲ့ကြသည်။

သခင်လေးချူးသည် ငယ်ရွယ်သော်လည်း အမတနယ်မြေတစ်လျှောက်တွင် နာမည်ကျော်ကြားပြီးဖြစ်ရာ ထိုအချိန်အစတည်းက ယွင်ထျန်ရွှယ်ကျင်၏အကောင်းဆုံးသော အထင်ကရဆေးဝါးကျင့်ကြံသူဖြစ်ခဲ့သည်။

ဓားကျင့်ကြံသူများသည်အသန်မာဆုံးဖြစ်ကာ ကုသရေးကျင့်ကြံသူများသည်အားအနည်းဆုံးဖြစ်သည်ဟုပြောဆိုခြင်းက ကျိူးကြောင်းသင့်လျော်သည်။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now