Chapter(8)

1.5K 278 16
                                    

[Unicode]

ဝမ်ယွမ်က မီးမန္တန်ကိုရွတ်ရန်ဟန်ပြင်လိုက်စဉ် ဇိုချီကသူ့ကိုတားဆီးလိုက်သည်။

"ဒါကိုသုံးဖို့စောနေတုန်းပဲမဟုတ်လား? ဒီလိုပမွှားဝိဉာဉ်စုပ်လင်းနို့ရဲ့တိုက်ခိုက်တာခံရတဲ့အထိ လင်းရှောင်ဘုရားကျောင်းရဲ့အဆင့်ကနိမ့်ကျသွားပြီလား?"

ဇိုချီနှင့်မတူသည်က ဝမ်ယွမ်သည်လူကောင်းတစ်ဦးဖြစ်သည်။ သူပွင့်ပွင့်လင်းလင်းပဲပြန်ပြောလိုက်တယ်။
"တကယ်လို့ငါတို့ထပ်စောင့်နေရင် တစ်ယောက်ယောက်သေသွားလိမ့်မယ်!"

သို့ရာတွင် ဇိုချီကသဘောမတွေ့စွာဖြင့် မထီမဲ့မြင်ပြုလိုက်သည်။ သူကနှာခေါင်းရှုံ့ရင်း
"အမတလမ်းစဉ်နဲ့ တာအိုကျင့်ကြံခြင်းကို လိုက်လံရှာဖွေရတာက လုပ်ဆောင်ဖို့ခက်ခဲတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်။ ဒီလိုစမ်းသပ်မှုလေးကိုတောင် မအောင်မြင်နိုင်ဘူးဆိုရင် အနာဂတ်မှာနတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ကြမှာလဲ? သူတို့ကိုယ်ပိုင်နှလုံးသားတွေနဲ့ နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ကောင်းကင်ဘုံရဲ့ကပ်ဘေးဆိုးတွေကို ဘယ်လိုကျော်ဖြတ်ကြမှာလဲ?"

ဒါကိုကြားတဲ့အခါ ဝမ်ယွမ်ပြောစရာစကားလုံးကင်းမဲ့သွားတယ်။
"ဒါပေမယ့်..."

လုယောင်က ရှင်းပြဖို့အမြန်ရောက်ချလာတယ်။
"သခင်ဝမ် ကျေးဇူးပြု၍ စိတ်အေးအေးထားပါ။ ညရောက်တဲ့အခါ အရိုးပါပြာကျစေမယ့်မီးပုံတွေကို ကျွန်တော်လုပ်ပေးလိုက်မယ်။ သူတို့တွေလိမ္မာပါးနပ်ပြီး မြန်မြန်ဆန်ဆန်စူးစမ်းတတ်သရွေ့ ကျွန်တော့်ရဲ့အရိပ်အယောင်ပြလုပ်ရပ်ဟာ ဘာကိုဆိုလိုတယ်ဆိုတာ သူတို့နားလည်သွားကြလိမ့်မယ်"

ဝမ်ယွမ်က သူ့ရဲ့စိုးရိမ်သံသယစိတ်တွေကိုဖယ်လိုက်နိုင်ပြီလို့ အခုထိမခံစားရသေးပေ။

ဇိုချီက လေးစားမှုမရှိပဲ နှာခေါင်းရှုံ့လိုက်ပြန်တယ်။
"ဟက် ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အကြီးဆုံးတပည့်ဖြစ်သူကတောင် ဒီလိုရူးမိုက်ပြီးသတ္တိမရှိတဲ့လူပါလား။ လင်းရှောင်ဘုရားကျောင်း ဒီလောက်နိမ့်ဆင်းသွားတာ အံ့သြစရာမရှိတော့ဘူး"

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now