[Unicode]
မလှုပ်မယှက်ရှိနေသည့်အရိုးစုမှာ လုံးဝမှင်သက်သွားခဲ့သည်။
အပ်ကျသံကိုပင်ကြားနိုင်သည်အထိ သေလုနီးပါးတိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။
ရုတ်တရက် ဟွားချဲ့က ရယ်မောလိုက်သည်။
"ယုံရခက်နေလို့လား? ကျင့်ကြံရေးလောကမှာ အတားအဆီးအဖြစ်ဆုံးအရာက တစ်စုံတစ်ယောက်ကို သူတို့ရဲ့အသွင်အပြင်နဲ့လိုက်ပြီးအကဲဖြတ်တာပဲ။ အခုငါဒီလိုပုံပေါက်နေပေမယ့် အဲဒါက တကယ်တော့ အမှန်မဟုတ်ဘူး"တစ္ဆေကျင့်ကြံသူ အလွန်အံ့အားသင့်သွားရသည်။ အချိန်အတော်ကြာပြီးမှသာ တုန်လှုပ်နေသောအရိုးစုလက်ဖြင့် စာရေးပြခဲ့သည်။
'ဝိညာဉ်ပိုင်ဆိုင်သွားလို့လား?'ဟွားချဲ့၏အပြုံးက ပိုပြီးနက်နဲလာသည်။
"ကြည့်ရတာ မင်းနားလည်တဲ့ပုံပဲ"တစ္ဆေကျင့်ကြံသူသည် ရုတ်တရက် အလင်းရောင်ကိုမြင်လိုက်ရသည်။
ုမှန်တာပေါ့ ဒီလိုပဲဖြစ်ရမယ်လေ!
အသက်ဆယ့်ခြောက်နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးက ဘယ်လိုလုပ်ဒီလောက်သတ္တိရှိနိုင်မှာလဲ? ဒါ့အပြင် ဟွားချဲ့က တစ္ဆေကျင့်ကြံသူနဲ့ရင်ဆိုင်နေရစဉ် ကြောက်ရွံ့မှုအနည်းငယ်မျှပင် မခံစားရပေ။ သူနှင့် အေးအေးဆေးဆေး စကားစမြည်ပြောရင်း အဓိပ္ပါယ်ဖော်မရသည့်အပြုံးမျိူးကိုပင် ပြုံးနေခဲ့သည်။ ဟွားချဲ့ဟာ သာမန်လူတစ်ယောက်မဖြစ်နိုင်တာ အသေအချာပင်။
သေချာတာတစ်ခုက ဒီကောင်လေးဟာ ငယ်ရွယ်နုပျိုတဲ့ရုပ်ရည်ရှိနေပေမယ့် အရွယ်ရောက်ပြီးသူ၏စိတ်ဝိညာဉ်နှင့်ဖြစ်နေသည်။
နောက်ဆုံးတော့ တစ္ဆေကျင့်ကြံသူ နားလည်သွားခဲ့ပြီ။
ဤကမ္ဘာကြီးတွင်၊ ကုသရေးကျင့်ကြံသူများသည် အဖိုးအတန်ဆုံးဖြစ်ပြီး တစ္ဆေကျင့်ကြံသူများမှာ အလွန်ရှားပါးသည်။ သူတို့ထံတွင် လေးလံသော ယင်(Yin)စွမ်းအင်၊ ကံဆိုးမှုများနှင့် ရက်စက်ကြမ်းကြုတ်သော ဆိုးဝါးလှသည့်အရာများသာရှိကြသည်။ အမြဲတမ်း ရွံရှာစက်ဆုပ်ဖွယ်ဖြစ်နေပြီး သွေးသံတရဲရဲဖြင့် တစ္ဆေကျင့်ကြံသူများသည် နယ်မြေခြောက်ခုလုံး၏ ရွံရှာစက်ဆုပ်ခြင်းကို ခံခဲ့ကြရသည်။

DU LIEST GERADE
Everyday, Demon Lord is Escaping His Marriage {MM Translation}
Historische RomaneType : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra (Complete) This Story is not mine. I'm just a translator. Give all credits to the original author an...