(Namjin)
" တော်ပြီ ဒီတစ်ခါတော့ တကယ်ပြတ်ပြီ "
" ဘာဖြစ်ပြန်ပြီလဲ Kim Namjoon ရာ... ရောက်ရောက်ချင်းကို နားထဲ သံရည်ပူတွေ လောင်းထည့်လိုက်သလိုဘဲ... "
မက်ကျူခွက်လေးကို ကိုင်ထားသည့် Hoseok က စားပွဲတွင် ဝင်ထိုင်ရန် ပြင်နေသည့် Namjoon ကို မျက်လုံးလှန်ကြည့်ကာ ပြောသည်။
" မင်းတို့ ပြတ်တာ ဒါ ဘယ်နှခါမြှောက်လဲ "
Hoseok ဘေးတွင် ထိုင်နေသည့် Yoongi ကလည်း ကြက်ခြေထောက် အစပ်တစ်ချောင်းကို ပါးစပ်ထဲ ကောက်ထည့်ရင်း ပြောသည်။
" မဟုတ်ဘူးးး မဟုတ်ဘူးးး ဒီတစ်ခါတော့ တကယ်ပြတ်တာ... အဲ့ဒီအဘိုးကြီး လုံးဝ ပြသာနာရှာတာဗျာ... "
ညီးညူးရင်း ဘီယာကို တမေ့ာပြီးတမော့ သောက်နေတဲ့ Namjoon ကို သူတို့နှစ်ယောက်ကတော့ မထူးဆန်းသလို ပစ်ထားလိုက်ကြသည်။ မဟုတ်လည်း နေ့မကူးခင် ပြန်တည့်ကြမှာဘဲဟာ... လေကုန်ခံပြီး ဖြေသိမ့်မနေတော့...
-----------------------------------
" Hyung... Hyung ကလေ Namjoon Hyung နဲ့ ပြတ်လာတိုင်း စားတယ်... ပြန်တည့်သွားရင် သူ့မျက်လုံးထဲ လှနေအောင် ဆိုပြီး ပြန်လျော့တယ်... အဲ့တာနဲ့ဘဲ Hyung က သံသရာလည်နေတာ "
" Jeon Jungkook!! မင်းအခု သွပ်ထည့်နေတာတွေက ငါ ဝယ်ကျွေးတာနော်... "
Seokjin စကားကြောင့် Jungkook စားလက်စ Pizza တစ်ခြမ်းကို ပါးစပ်ထဲ အမြန်ထည့်လိုက်သည်။ မတော်လို့ ပြန်ထွေးထုတ်ခိုင်းရင် ဘယ်နှယ့် လုပ်မလဲ...
" ဘယ်လိုဖြစ်ကြပြန်တာလဲ Hyung ရာ... ဟိုတလောကဘဲ ပင်လယ်တူတူသွားကြတယ်ဆို "
Jimin က ပန်းကန်ထဲက ကိတ်မုန့် အဝါရောင်လေးကို ဇွန်းနှင့် ထိုးခြေလိုက်ရင်း Seokjin ကို ကြည့်ကာ ပြောသည်။
" အဲ့ဒီ ဂဏန်းကောင်ကကွာ... ငါ့ကို သက်သက်မဲ့ အပျော်တွဲတာ မင်းတို့ဘဲ စဥ်းစားကြည့်စမ်း ငါက ရစ်တာ အပြစ်လားးး "
Taehyung ကတော့ မနိုင်ဘူးဆိုသည့် ပုံစံနှင့် ခေါင်းသာ ဖြည်းဖြည်းလေး ငြိမ့်ပြလိုက်သည်။ Seokjin Hyung ဘယ်လိုရစ်လဲဆိုတာ သူတို့အားလုံးအသိ... တစ်ခါတစ်ခါ Namjoon Hyung က အာပေါက်မတတ် ရှင်းပြရသည်။