LMT ~ 1

534 36 0
                                    

Kim Jungwoo ~~

ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်တက်နေတုန်းမှာပဲ
Minhyung နဲ့ဆုံခဲ့ကြတာဖြစ်သည်။

အဲ့တုန်းကျွန်တော်အသည်းလဲကွဲနေတဲ့အချိန်၊ပေါင်းနေကြသူငယ်ချင်းကလဲ ချစ်သူရသွားတော့ ကိုယ်က အလိုက်တသိရှောင်ပေးနေတဲ့အချိန်မှာ အတန်းထဲမှာ တခါမှသတိမထားမိဖူးတဲ့ Minhyung နဲ့မမျှော်လင့်ပဲ ခင်သွားခဲ့တယ်။

ခင်သွားတဲ့အချိန်ကနေစလို့ Minhyung ကနွေးထွေးတတ်တဲ့ လူတစ်ယောက်ဆိုတာကို တဖြေးဖြေးသိလာခဲ့သည်။ အထီးကျန်တယ်လို့ ခံစားရတိုင်း Minhyung ရှိနေပေးတာမလို့ ကျွန်တော်တောင် မသိလိုက်ခင်မှာပဲ တွယ်တာမိသွားသည်။

Minhyung ဘက်ကရော?

Minhyung လဲ ကျွန်တော့်ကို သံယောဇဉ်ရှိနေမှန်း ခံစားမိတာကြာပါပြီ။ဒါပေမဲ့ သူတခုခုကို မရဲသလိုဖြစ်နေတာမလို့ မေးကြည့်လိုက်တော့  သူ့မှာ ချစ်သူရှိနေပါတယ်တဲ့လေ...။

ကျွန်တော်ရဲ့ နွေးထွေးမှုအသိုက်အမြုံလေးက အဲ့နေ့မှာပဲ စတင်ပျက်စီးသွားသည်။သူ့ကို တွယ်တာနေမိပြီးနောက်မှာတော့  ကိုယ့်ကိုကိုယ် လိပ်ပြာမလုံသလို ခံစားလာရသည်။အဲ့လို ခံစားပါများလာတော့ ကျွန်တော်ဟာ Minhyung ကို စရှောင်ဖြစ်သည်။

ဒါပေမဲ့ Minhyung ကနည်းနည်းမှ လက်မလျော့ပဲ ကျွန်တော့်ကိ​ု အတင်းပဲ လိုက်ကပ်သည်။

"Jungwoo နေဦး"

"Minhyung တောင်းပန်ပါတယ် ငါ ငါ့မှာ အပြစ်ရှိသလိုခံစားရတယ်"

"ငါသိပါတယ်...ငါ့အမှားတွေပါ ငါသေချာရှင်းပြပါရစေနော်"

သူရှင်းပြတဲ့ အကြောင်းအရာတွေထဲမှာ သူ့ဟာ သူ့ချစ်သူနဲ့အဆင်မပြေတဲ့ သူတယောက်ဖြစ်ပြီး လမ်းခွဲဖို့အထိ လုပ်ထားကြောင်း၊သူ့ချစ်သူက အရမ်းအတ္တဆန်တာမလို့ သူစိတ်ညစ်နေတဲ့အချိန်မှာ ကျွန်တော်နဲ့တွေ့ခဲ့တာဖြစ်ပြီး ပျော်ခဲ့ရကြောင်း၊ သူချစ်သူကို သူက ပြတ်ဆဲမယ်လုပ်ပေမဲ့ တဖက်ကလုံးဝပြတ်မပေးနိုင်ကြောင်းတွေ ကျွန်တော်သိလိုက်ရတော့ နည်းနည်းနားလည်သွားသည်။ ဒါပေမဲ့ သူ့ချစ်သူဆီကနေ ဖြတ်ယူချင်စိတ်လုံးဝမရှိခဲ့ဖူးပါ။

LOVE ME TOO Where stories live. Discover now