ကျွန်တော်အလုပ်ဆင်းနေတာလဲ ၁ပတ်လောက်ရှိပြီ။ ဒါပေမဲ့ Minhyung အခုထိမသိသေးပါ။ မသိဆို ကျွန်တော်တို့အခုထိ အဆက်အသွယ်မလုပ်ဖြစ်ကြသေးပါ။ ကျွန်တော့်ဘက်ကလဲ စမဆက်သွယ်ဖြစ်သလို သူကလဲ မဆက်သွယ်သေးပါ။
အခုကျွန်တော် မနက်ပိုင်း ဆိုင်ကိုရောက်လာပါပြီ ရောက်တာနဲ့ သန့်ရှင်းရေးဘာညာလုပ်ပြီူ ကောင်တာဝင်ရတော့သည်။ ကျွန်တော်တို့အခုလိုအလုပ်လုပ်နေတာကို ကြည့်နေတဲ့ လူတစ်ယောက်ရှိသည်။အဲ့တာကတော့ အကို ဒိုယောင်းပင်။ အရင်နေ့တွေကလဲအပေါ်ထပ်မှာအခုလိုကွန်ပြုတာတလုံးနဲ့ အလုပ်လုပ်နေရင်း တခါတလေ အောက်ထပ်ကို ကြည့်နေတာမျိုးနဲ့ ကျွန်တော်နဲ့ဆုံတတ်သည်။ ကျွန်တော်တစ်ယောက်တည်းကို ကြည့်တာမျိုး မဟုတ်လောက်လို့ နေရမခက်ပေမဲ့လို့ ကြည့်နေမှန်းသိတော့ တမျိုးပင်။
"အကို"
"အင်း ပြောလေ"
"သူဌေးက အဲ့လိုမျိုး အလုပ်လုပ်နေတာကို စောင့်ကြည့်တတ်တာလား"
"အော် ဟုတ်တယ် သူဌေးကအမြဲ ဘာလိုအပ်လဲ ကြည့်နေတာ အရမ်းထောင့်စေ့တယ်"
"အော် အဲ့လိုကို"
"နောက်ကျနေသားကျသွားလိမ့်မယ် သူကြည့်တာကို အာရုံမထည့်နဲ့"
"ဟုတ်"
မနက်ပိုင်းဆို မလုပ်သွားတဲ့သူတွေနဲ့မလို့ ဆိုင်က အနည်းငယ် လူကျတတ်သည်။ အခုလဲ လူကျလာပြီမလို့ အာရုံကို ပြန်စုစည်းလိုက်ပြီးတော့ အလုပ်ကိုပဲလုပ်နေလိုက်သည်။
"ဟူး......"
လူတွေလဲရှင်းသွားပြီမလို့ ခွက်တွေသိမ်းဖို့ ဗန်းတခုနဲ့ စရှင်းရတော့သည်။
"အမလေး"
ကျွန်တော် ဗန်းကိုင်ပြီး ဒီဘက်အလှည့် အကိုဒိုယောင်းနဲ့ဆုံသွားသည်
"ဟော ဖြေးဖြေး Sorry "
"ရပါတယ် ရုတ်တရက်ဆိုတော့ လန့်သွားတာ"
"ဒါကို လျှပ်တပြတ် မစ်ရှင်လို့ခေါ်တယ်"
"ဗျာ"
"အကယ်လို့ ကိုယ်ကသိမ်းနေရင်းနဲ့ ရုတ်တရက် တခြားဝယ်သူအပြန်နဲ့တိုးတတ်တယ်လေ"