စိတ်နဲ့လူနဲ့မကပ်ပေမဲ့ နောက်ဆုံးတော့အိမ်ပြန်ရောက်ခဲ့ပါပြီ။ ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်ပြီးတော့ ဟိုဆိုင်က ထည့်ပေးလိုက်တဲ့ ဘူးလေးကိုသေချာကြည့်မိတော့မှ Smile sticker လေး ကပ်ပေးထားတာတွေ့ရသည်။
ပုံလေးကိုကြည့်ပြီး ကျွန်တော်လဲပြုံးလိုက်မိသည်။ ဒီနေ့တနေကုန် စိတ်ညစ်နေပြီးတော့ အခုမှပြုံးမိတာ ဖြစ်သည်။
ဘူးလေးကလဲ နွေးနေတာမလို့ သောက်ကြည့်လိုက်တော့ ချောကလက်အပူလေးဖြစ်နေသည်။"သောက်လို့ကောင်းသားပဲ"
ဆေးတွေပါတွေပါကြိုသောက်လိုက်ပြီးတော့ စောင်ခြုံထဲစကွေးတော့သည်။
တကယ်တော့ ဒီနေ့ Minhyung နဲ့ပြသာနာအကြီးကြီးဖြစ်လာတာပါ။ တွဲလာတဲ့တလျှောက် ဒီတခါပြသာနာ အကြီးဆုံးဖြစ်လိမ့်မည်။
ဒီနေ့သူက Project အတွက် သွားလုပ်နေတာမလို့ ကျွန်တော့်ကို ဖုန်းပေးထားရင်း မထင်မှတ်ပဲ သူ့ရဲ့အရှုပ်တချို့ကို ကြားလိုက်ရသည်။
"ဟဲလို"
"ဟဲလို Hyung ရော"
"ဘယ်သူပါလဲ"
"Hyuck လိူ့ပြောလိုက်ရင် သူသိတယ်"
"သူ ဖုန်းနဲ့လူနဲ့တခြားဆီဖြစ်နေလို့"
"အော် ဒါနဲ့ မင်းက ဟိုတစ်ယောက်ဖြစ်မယ်ထင်တယ်"
"ကျွန်တော်သူ့ရဲ့ချစ်သူပါ ဟိုတစ်ယောက်မဟုတ်ပါဘူး"
"ဟင်း...အင်းပါ တွေ့ရတာ ဝမ်းသာပါတယ် ငါလဲ သူ့ရဲ့ချစ်သူပဲ ဒါပေမဲ့ အခုတော့ ပြတ်ထားတာပေါ့"
"ဘာကိုပြောချင်တာလဲ"
"တချိန်ကျရင် သိလာမှာပါ စိတ်မပူပါနဲ့"
"..."
"ဒါပဲနော် ဖုန်းဆက်တယ်လို့ ပြောပေးရင်လဲပြောပေးပေါ့ မပြောပေးလဲ ရပါတယ် ညမှထပ်ဆက်လိုက်မယ်"
"...."
"အော် ပြီးတော့ပြောပေးပါဦး မနေ့ကပျော်ခဲ့ရပါတယ်လို့"
ဖုန်းချသွားပေမဲ့ အတွေးပေါင်းစုံ အမေးပေါင်းစုံနဲ့ ခေါင်းထဲ ချာချာလည်သွားသည်။
Minhyung ကိုအပြေးသွားရှာပြီးတော့ တွေ့တာနဲ့ လူရှင်းတဲ့နေရာကို ဆွဲခေါ်လာခဲ့သည်။
