အိမ်ပြန်ရောက်တဲ့အချိန်ထိ ကျွန်တော့်ကို စိုးမိုးထားတဲ့ အိပ်မက်တခုရှိသည်။ ကျွန်တော့်ကို အကိုဒိုယောင်းက လာနမ်းတဲ့အိပ်မက်။အိပ်မက်ထဲမှာ နမ်းလိုက်လား မနမ်းလိုက်လားမမှတ်မိတော့ပဲ နဖူးနားလေးကို ကပ်လာတာအထိပဲ သိလိုက်သည်။ ထူးထူးဆန်းဆန်းအိပ်မက်မလို့ စိတ်ထဲကဖျောက်မရပါ။
"တကယ်ပဲ ဘာတွေမက်နေတာလဲ Kim Jungwoo" လို့ စိတ်ထဲမှာ တွေးနေမိသည်။
သူထည့်ပေးလိုက်တဲ့ ဆန်ပြုတ်လေးကို နွေးရင်းနဲ့ ဖုန်းကိုင်တော့မှ Minhyung ရဲ့ message တွေ missed call တွေမြင်ပြီး စိတ်ညစ်သွားရသည်။
Message တွေကလဲ တပုံတပင်။
"ငါနေမကောင်းတာ သူဘယ်လိုသိလဲ"
အပေါ်ကစာတွေဖတ်ကြည့်တော့မှ အကို ဒိုယောင်းက စာပြန်ပေးထားတာ တွေ့လိုက်ရသည်။
"အော် ဒါ့ကြောင့်ကို"
ဆန်ပြုတ်ကိုလဲ ပန်းကန်ထဲထည့်ရင်းနဲ့ Minhyung ဆီကိုလဲ ဖုန်းခေါ်လိုက်သည်။
"အင်း"
"နေမကောင်းဘူးဆို အခုရော သက်သာလား"
"အင်း အဆင်ပြေပါတယ်"
"ကိုယ့်ဖုန်းကို ဘာလို့မကိုင်တာလဲ"
"အိပ်နေလို့"
"ဘာစားပြီးပြီလဲ ကိုယ် အိမ်ကို လှမ်းပြောပြီးတော့ Deliနဲ့မုန့်ပို့ခိုင်းလိုက်မယ်လေ"
"ရတယ် အခုဆန်ပြုတ်သောက်နေတယ်"
"ဘယ်သူဝယ်ပေးတာလဲ Sungchan လား"
"အင်း"
"အော်...အင်းပါ ဆေးလဲသေချာသောက်ဦးနော်"
"အင်း"
"နောက်ဆို ဖုန်းမကိုင်နိင်ရင်တောင် ကိုယ်စိတ်မပူရအောင် messageဖြစ်ဖြစ် ပို့ပါ့လား"
"စိတ်မပူနဲ့ ရတယ် အဆင်ပြေတယ်"
"ပူရမှာပေါ့ ကိုယ့်ချစ်သူပဲကို"
"...."
"အာ...Sorry စကားမှားသွားတယ်"
ချစ်သူဆိုတဲ့ စကားလုံးကိုတောင် မခံစားနိုင်တော့ပါ။တကယ်ပဲ ကျွန်တော်ပြောင်းလဲနေပြီထင်တယ်။