ကုမ္ပဏီ ကိစ္စတွေကို စီမံနေရပေမဲ့ အတွေးတွေထဲမှာ Jungwoo ကအမြဲတမ်းရှိနေသည်။ အခုချိန်လောက်ဆို ကျောင်းရောက်နေလောက်တဲ့အပြင်နေ့လည်စာစားချိန်တောင် နီးနေပြီ။
"ညနေ ကိုကိုလာကြိုမယ်"
"ဟုတ်ပြီ စောင့်နေမယ်"
စာသင်နေရာကနေ စာတွေခိုးပို့နေတာထင်တယ်။ နောက်ထပ် ၃ရက်နေရင် ကောင်လေးမွေးနေ့ရောက်ပြီမလို့ တခုခုစီစဉ်ရဦးမည်။
"ဒေါက် ဒေါက်"
"ဟုတ်ကဲ့ ဝင်ခဲ့ပါ"
"သား..."
"အော်...ဖေဖေ "
"အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ထိုင်ဦး"
"အေးအေး.."
"ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
"ဒီဘက် လမ်းကြုံလို့ ဝင်လာတာ"
"အော်...မေမေ ရော"
"သူ့သူငယ်ချင်းတွေနဲ့ သွားခဲ့တယ်"
"အော်...ကော်ဖီပို့ခိုင်းလိုက်မယ်"
"ရတယ် မသောက်တော့ဘူး ဖေဖေ ပြောစရာလေးရှိလို့"
"ဟုတ် ပြောလေ"
"GM Company ပိုင်ရှင်ရဲ့ သမီးနဲ့ သားကို တွေ့စေချင်တယ်"
"ဗျာ....ဟို"
"သား အဆင်မပြေလဲရတယ် ဒီတိုင်းတွေ့ပြီး မိတ်ဖြစ်ဆွေဖြစ်သဘောပါပဲ"
"ဟုတ်...အဲ့လိုကအဆင်ပြေပါတယ် ဒီထက်ပိုပြီးတော့ အဆင်မပြေဘူး ကျွန်တော့်မှာ ချစ်ရတဲ့သူရှိတယ် ဖေဖေ"
"ဟေ....ငါ့သားက အခုမှပဲ ပြောပြတော့တယ်"
"သိပ်မကြာသေးဘူး "
"အေးပါ...ဖေဖေကလဲ အတင်းမတိုက်တွန်းဘူး ဒီတိုင်း မိတ်ဖြစ်ဆွေဖြစ်ပဲ"
"ဟုတ်ကဲ့ပါ ကျွန်တော် တွေ့လိုက်ပါ့မယ်"
ဖေဖေနဲ့ပြောနေရင်း တခါမှ ကျောင်းချိန်ဖုန်းမဆက်တတ်တဲ့ ကလေးဆီကနေ ရုတ်တရက် ဖုန်းဝင်လာသည်။
"ခဏနော ဖေဖေ"
"အေးအေး"
ဖေဖေနားကနေ အဝေးကိုသွားကာ ဖုန်းကိုင်လိုက်သည်။