ဆိုင်မှာလုပ်နေကြဝန်ထမ်း ၂ယောက်ထဲက တစ်ယောက်က စာမေးပွဲတခုအတွက် ပြင်ဆင်နေရတာမလို့ ဆိုင်မှာကျန်တဲ့သူကိုကူနိုင်မဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ထားသည်။ ဒီနေ့ လာလျှောက်မဲ့ ရက်မလို့ ကျွန်တော် အောက်ထပ်ကို ဆင်းလာပြီးတော့ စောင့်နေလိုက်သည်။
ဒါပေမဲ့ လာလျှောက်မဲ့လူထက်အရင်ရောက်လာတဲ့ ထိုကောင်လေးကိုတွေ့လိုက်ရတော့ ကိုယ့်မျက်လုံးကိုတောင် မယုံချင်တော့။
"မင်္ဂလာပါ အကို"
"အော် မင်္ဂလာပါ ဘာသောက်ကြမလဲ"
"ကျွန်တော် သောက်ဖို့လာတာမဟုတ်ဘူး အလုပ်လာလျှောက်တာ"
"ဟင်"
ကြားလိုက်ရတဲ့နားကိုတောင်မယုံနိုင်လို့ ပြန်မေးလိုက်ရသေးသည်။
"ဘာပြောလိုက်တာ"
"ဒီမှာ အလုပ်လျှောက်မလို့လေ"
"အော် အင်း နှစ်ယောက်လုံးလား"
"ဟုတ်ဘူး ကျွန်တော်က ဧည့်သည်နဲ့လာတွေ့တာ"
"အော် ဟုတ်ပြီ"
"အလုပ်ကလျှောက်လို့ရသေးတယ်မလား"
"မနေ့က Appointment ယူတာ Jungwoo လား"
"ဟုတ်တယ်"
"အော် အဲ့တာဆိုရင်တော့ နေရာလွတ်သေးတယ်လေ"
"ဟုတ် အင်တာဗျူးဦးမလား"
"ရတယ် မဗျူးတော့ဘူး ဒီနေ့စဆင်းရင်တောင် ရပြီ"
"တကယ်?"
"အင်း"
"ကျေးဇူးပါ အလုပ်ကိုကြိုးကြိုးစားစားနဲ့ လုပ်ပါ့မယ်"
"ဟုတ်ပါပြီ ညီလေးရေ သူ့ကို သင်ကြားပေးလိုက်ပါဦးနော်"
"ဟုတ်ကဲ့ပါ"
ကိုယ်နဲ့အနီးဆုံးကို ရောက်လာမယ်လို့ မတွေးဖူးတဲ့ ဒီကောင်လေးက ဆန်းကြယ်စွာပဲ အနားကိုရောက်လာသည်။ဒီကံကြမ္မာတွေထဲမှာ ကျွန်တော်ဖန်တီးယူထားတာ မရှိခဲ့ပါ...။
တကယ်စိတ်ပါဝင်စားစွာ အလုပ်လုပ်နေတဲ့သူ့ကို အပေါ်ထပ်ကနေ ထိုင်ကြည့်နေရင်းနဲ့ အခုချိန်အထိ အိပ်မက်တခုလို့ပဲထင်နေသေးသည်။
