"အား....ကျွတ် ကျွတ်"
"ဟင် ငါအိမ်ပြန်ရောက်နေတာပဲ"
အောက်ထပ်က Sungchan ကိုကြည့်လိုက်တော့ အိပ်မောကျနေတုန်း။
"ဘယ်လိုပြန်ရောက်လာတာပါလိမ့်"
ညကအကြောင်းကို ပြန်စဉ်းစားလိုက်တော့မှ အကိုဒိုယောင်း လိုက်ပို့ပေးမှန်းသိတော့သည်။
"အော် ညက ဘီယာလေးသောက်ပြီး မူးသွားတာပဲ"
ကုတင်ပေါ်ကနေ ဆင်းလာပြီး ရေချိုးခန်းတန်းဝင်ကာ ရေချိုးပစ်လိုက်တော့သည်။ ပြန်ထွက်လာတော့ Sungchan ကနိုးနှင့်နေပြီ။
"အော် နိုးပြီလား"
"အေး အမူးပြေပါ့လား"
"ရေချိုးလိုက်တော့ ပြေပါပြီ"
"ဘီယာဝင်တာတောင် ဒီလောက်မူးနေတာနော် မင်းတော့ မလွယ်ဘူး"
"ဟမ် ဘာလို့လဲ ညကအတော်အခြေအနေဆိုးလား"
"ဟာ ဘယ်ပြောကောင်းမလဲ မင်းသူဌေးရော ငါရော တွဲလာတာတောင် မင်းမနိုးဘူး"
"ဟေ အဲ့လောက်တောင်လား သွားပါပြီကွာ"
"ဆိုင်ရောက်ရင်ကျေးဇူးတင်ကြောင်းလေးပြောလိုက်ဦး"
"အေးပါ ပြောလိုက်မယ်"
"ကဲ ငါလဲ အလုပ်သွားဖို့ပြင်တော့မယ်"
"အေး လုပ်လုပ်"
အလုပ်ရောက်တော့ သူဌေးရဲ့အရိပ်အယောင်ကိုမတွေ့တာမလို့ အခြားအကိုကို မေးရတော့သည်။
"အကို သူဌေးမလာဘူးလား"
"လာတယ် အပေါ်ထပ်မှာ အော် မေ့လို့ မင်းလာရင် အပေါ်လာခဲ့ဦးတဲ့"
"ကျွန်တော့်ကို? ဘာလို့လဲ"
"သိဘူး လွှတ်လိုက်ပဲ မှာခဲ့တာ"
"အော် ဟုတ်အခုသွားလိုက်မယ်"
"အကို ဒိုယောင်း ကျွန်တော်ပါ"
"အော် ခဏစောင့်"
"ဟုတ်"
အပေါ်ထပ် ရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်ပြီးပေမဲ့ နည်းနည်းကြာမှ လာဖွင့်ပေးသည်။
"လာ ဝင်ခဲ့"
"ဟုတ်"
"ခဏ ထိုင်ဦးနော်"