ကျွန်တော်ရောက်နေတဲ့ နေရာက ဟိုတယ်အခန်းမှာ ဖြစ်နေတာမလို့ ဘာတွေဖြစ်သွားလဲဆိုတာကို ပြန်စဉ်းစားယူနေရသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေပေမဲ့ အရာရာကလွှဲချော်သွားပြီ။
"နိုးနေပြီလား"
ရေချိုးခန်းကနေ ထွက်လာတဲ့ Donghyuck ကိုမြင်လိုက်တာနဲ့ အခြေအနေတွေကို ခန့်မှန်းမိသွားပါပြီ။
"ရော့....ဒါလေးသောက်လိုက် အမူးပြေအောင်"
"ဘယ်လိုဖြစ်တာလဲ"
"ဒီအခြေအနေလောက်ဆို ဘာဖြစ်နိုင်မလဲ စဉ်းစားကြည့်ပေါ့"
"မဖြစ်နိုင်ဘူး ငါညက အဲ့လောက်မမူးဘူး "
"သေချာရဲ့လား ဆိုင်ကတောင် ဖုန်းဆက်ပေးရတာကို"
"ဘာလို့ ငါနေတဲ့နေရာကိုမပို့တာလဲ အစကတည်းက ဒီလိုဖန်တီးမလို့ ဒီကိုခေါ်လာတာမလား"
"အင်း.....ဆိုပါတော့ ဒါပေမဲ့ မဖန်တီးထားဘူးနော် လက်တွေ့ဖြစ်ခဲ့တာ"
"မယုံဘူး...အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး"
"ဟောဗျာ...မူးတာပြေမှ အေးဆေး စဉ်းစား ရော့ သောက်လိုက်"
"မသောက်ဘူး"
"ခလွမ်.."
သူကမ်းပေးလာတဲ့ ခွက်ကို ဖယ်လိုက်တာဆိုပေမဲ့ အားပါပြီး ရိုက်ချသလိုဖြစ်သွားသည်။
"အေးအေးဆေးဆေး မစဉ်းစားချင်မှတော့ ပြရတော့မှာပေါ့"
"..."
"ရော့....ဒီမှာကြည့် ဘာဖြစ်ခဲ့လဲဆိုတာကို"
Donghyuck ထိုးပေးလာတဲ့ ဖုန်းထဲက ပုံရိပ်တွေကို မြင်တော့ ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်တော့ပါ။ ကိစ္စ အစအဆုံးကို ကျွန်တော့်ဘက်က စခဲ့ခြင်းဖြစ်နေသည်။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး"
"အဲ့လောက် အခိုင်အလုံကြီးရှိနေတာတောင် မယုံခြင်းသေးဘူးလား...Hyung မယုံမှန်းသိလို့ Video ရိုက်ထားခဲ့တာ...အခုတော့ လက်တွေ့ပြနေတာတောင် မယုံဘူးပဲ"
"မဟုတ်ဘူး အဲ့ရှေ့မှာ တခုခုရှိခဲ့မှာ"
"Hyung အဲ့ရှေ့မှာ တခုခုရှိခဲ့ရင်တောင် ဒီဇာတ်လမ်းကို Hyung စတာ ဟုတ်ပြီလား"