ဖုန်းပြောနေပေမဲ့ ပြောစရာစကားတွေက ဘာလို့ရှားပါးနေလဲ စဉ်းစားမရပါ။ Jungwoo ကကျွန်တော့်ကိုစိတ်ဆိုးနေတုန်းထင်ပါတယ်။Good Night လို့ပြောပြီး ဖုန်းချလိုက်ပေမဲ့ ကျွန်တော်အိပ်မပျော်နိုင်သေးပါ။ ကျွန်တော်တို့ကြားမှာ ဘာတွေ ပြောင်းလဲနေလဲ စဉ်းစားမိသည်။
တကယ်ဆိုကျွန်တော်နားလည်ပေးခဲ့သင့်တာ အပေါင်းအသင်းများပြီး လွတ်လပ်မှုကြိုက်တဲ့သူကို အခုလိုတွေ တင်းကြပ်ထားတော့ Jungwooအနေနဲ့ လွတ်လပ်ချင်ပြီထင်တယ်...။ သူအဲ့လိုဖြစ်ချင်နေမှန်းသိပေမဲ့ ကျွန်တော်လွှတ်မပေးရဲပါ...ကျွန်တော့်ကို သူထားသွားမှာ ကျွန်တော်အရမ်းကြောက်နေမိသည်။
"ဟူး..."
သက်ပြင်းအရှည်ကြီးချပြီး ကုတင်ပေါ်ကို လှဲလိုက်မိသည်။ ပျော်ရတဲ့နေ့ရက်တွေက အခုတော့ ရွှေထက်ကို ရှားပါးနေပြီ။
ဒီဆက်ဆံရေး ပြတ်မသွားအောင် ဘာတွေလုပ်ရမလဲ...။***************
ကျွန်တော်သူ့ကို ဖုန်းတွေခေါ်နေပေမဲ့ အခုထိမကိုင်သေး။
"ဖုန်းကိုင်စမ်းပါ Jungwoo ရ"
"ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ"
အခုနဲ့ဆို ဖုန်းခေါ်နေတာ မိနစ် ၂၀လောက်ရှိပြီ လုံးဝမကိုင်သေးပါ။
"တကယ်ပဲ ဘယ်သူနဲ့ရှိနေတာလဲ"
"ဖုန်းကိုင်လို့..... Kim Jungwoo"
"ဟဲလို"
"Jungwoo ဘာလိူ့ဖုန်းတန်းမကိုင်တာလဲ....ကိုယ်ခေါ်နေတာ ကြာလှပြီ"
"အခုဘယ်မှာလဲ ဘယ်သူနဲ့လဲ"
"ဖြေဦး မြန်မြန်ဖြေ"
"ဖြေမယ်လေ တခုချင်းမေးလဲရတာပဲကို"
"ဖြေဖြေ"
"အခု Sungchan နဲ့အပြင်ရောက်နေတာလေ မင်းကိုပြောထားတယ်လေ"
"မဟုတ်ဘူး နောက်တစ်ယောက်ပါသေးတယ် ကိုယ်သိတယ် မှန်မှန်ပြော"
"ဟုတ်တယ်လေ သူငယ်ချင်းတစ်ယောက်ပါတယ်"
"ကိုယ့်ကိုဘာလို့မပြောတာလဲ"
"ပြောစရာမလိုလို့လေ အရင်လဲ သွားနေကြပဲကို ပြန်လာရင်ပြောပြတာပဲ"
