အကိုဒိုယောင်းနဲ့ လည်နေတဲ့တလျှောက်လုံး Minhyung ရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး တကယ်မေ့နေခဲ့တာ။
"ဘယ်သွားကြဦးမလဲ"
"ရုပ်ရှင်ကြည့်ကြမလား"
"အင်း.....မဆိုးပါဘူး"
"ဒါဆို ကြည့်ကြမယ်နော်"
"အင်းအင်း"
အကိုဒိုယောင်းနဲ့ ကျွန်တော့်အခြေအနေလား...။ ကျွန်တော်တို့ကိုယ်တိုင်တောင် ဆုံးဖြတ်ရခက်တဲ့ အခြေအနေလို့ပြောရမလားပဲ။တစ်ယောက်နားမှာတစ်ယောက်နေရတာ သက်တောင့်သက်သာဖြစ်စေတဲ့ ဆက်ဆံရေးလိုမျိုးဖြစ်လိမ့်မယ် ထင်ပါတယ်။
ကားမောင်းနေတဲ့ သူ့ကိုခိုးကြည့်မိတော့မှ ပထမဆုံး ကားလိုက်စီးတုန်းက သူ့ကို ရင်ခုန်မိခဲ့တာလေးကို ပြန်သတိရစေသည်။
"ဒီလိုလေးပဲ"
"ဘာကို"
"အကို့ကားမှာ ပထမဆုံးလိုက်စီတုန်းကမောင်းနေတဲ့ အကိုက ဒီလိုလေးပဲလို့"
"အော်....မှတ်မိနေတဲ့ အမှတ်တရတွေရှိတာပဲ"
"အင်းနော်....မထင်ရဘူးမလား"
"အင်း....ကိုယ်ကတော့ မင်းနဲ့ပက်သက်ရင် အမှတ်တရတွေအပြည့်ပဲ"
"ဘယ်အမှတ်တရကို သဘောအကျဆုံးလဲ"
"မေးနေစရာလိုသေးလို့လား...ဒီမှာလေ ဒါလေးက သက်သေပဲ"
ကားမှာချိတ်ထားတဲ့ ကျွန်တော့်ရဲ့ပုံလေးကို ထိုးပြလာတော့မှ အဲ့နေ့ကို သတိပြန်ရသွားသည်။ အဲ့ဒီနေ့က သူကျွန်တော်ကို ကြည့်နေတာ တွေ့လိုက်ပေမဲ့ ဘယ်ချိန်ရိုက်လိုက်လဲ မသိလိုက်ပါ။ ပထမဆုံးစတွေ့တဲ့နေ့ကတည်းက ကျွန်တော်တို့က အမှတ်တရတွေရှိခဲ့ဖူးကြတာပဲ။
"အဲ့ဒီတုန်းက အကိုကြည့်နေတာ ကျွန်တော်မြင်သားပဲ"
"တကယ်?"
"အင်း....ဒါပေမဲ့ အကို့ရဲ့ အကြည့်တွေကို မကြိုက်ခဲ့ဘူး...အဓိပ္ပာယ်တွေပါနေခဲ့လို့လေ"
"အော်...အကဲခတ်တော့ တော်သားပဲနော်"
"တခါတလေပါ"
"ဟုတ်ပါပြီ....ကဲရောက်ပြီ"
ကားပါကင်ထဲမှာ ကားထိုးပြီးတော့ ရုပ်ရှင်ရုံရှိရာဆီကို တူတူတက်လာခဲ့ကြသည်။
