"Jungwoo က သူဌေးကို စောင့်ဦးမှာမလား"
"ဗျာ...ဟုတ်တယ် "
"အဲ့ဆို အကိုပြန်နှင့်ပြီနော်...အော် ဒါနဲ့ မနက်ဖြန် သူဌေးမွေးနေ့ Jungwoo မသိလောက်သေးဘူးထင်တယ်"
"ဟုတ် မသိရသေးဘူး ကျေးဇူးပါ အခုလိုပြောပြပေးလို့"
"ရပါတယ်ကွာ...ဒါဆို သွားပြီနော်"
"ဟုတ်"
ကိုကို့ကို စောင့်နေရင်းနဲ့ မနက်ဖြန်မွေးနေ့ကို ဘာပေးရမလဲ စဉ်းစားလိုက်သည်။
"ဘာလေးက အမှတ်တရဖြစ်မလဲ"
စဉ်းစားရခက်တာနဲ့ ဖုန်းထုတ်ကာ ရှာပုံတော်ဖွင့်ရတော့သည်။
"ဆွဲကြိုး? ဆွဲကြိုးလဲ အဆင်ပြေတာပဲ"
ဆိုင်တံခါးဖွင့်သံကြားတာမလို့ ကိုကိုလာပြီဆိုတာ သိလိုက်တာနဲ့ ဖုန်းကိုပိတ်ပစ်လိုက်သည်။
"စောင့်ရတာကြာသွားလား ကလေး"
"မကြာပါဘူး အခုပဲ ပြန်သွားတာ"
"အော်...လာလေ ပြန်ကြစို့"
"ဟုတ် သွားကြမယ်"
"Sungchan ရော"
"သူလား...သူက နောက်ကျမယ်တဲ့ "
"အော် အဲ့ဆို ပြန်ကြတာပေါ့...ဘာစားကြဦးမလဲ"
"တော်ပြီ ကျွန်တော်ဗိုက်တင်းနေတယ်"
"ဘာတွေစားထားလို့လဲ"
"ညနေက အကိုJeong Min က မုန့်ဝယ်ကျွေးထားတာ"
"အော်....ကိုကိုမရှိတုန်း သာယာနေတာပေါ့လေ"
"နည်းနည်းပါ"
"ဟုတ်ပါပြီ ဒါဆို အိမ်ပဲမောင်းတော့မယ်နော်"
"ဟုတ်...ဒါနဲ့ ညနေက အရေးကြီးကိစ္စအဆင်ပြေခဲ့လား"
"အော်...အင်း ပြေခဲ့ပါတယ်"
"ပြေခဲ့တယ်ဆိုပေမဲ့ မျက်နှာကမကောင်းပါ့လား"
"တကယ်တော့လေ...."
ကိုကို့အမေက ကုမ္ပဏီဆက်ခံခိုင်းတဲ့အကြောင်း ၊ ကိုကိုအမေ နေမကောင်းတဲ့အကြောင်းတွေကို ပြောပြလာတော့သည်။
"အော်..."
"အခုမှ ကလေးနဲ့ ပျော်ရမှာကို ဝေးရတော့မယ်"
