LMT ~ 17

453 29 1
                                        

Wedding ~~

မင်္ဂလာခန်းမအလယ်မှာ အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ယောက် နဲ့အတူ ဂုဏ်ပြုပေးကြမဲ့ လူတွေကလဲ ခန်းမအပြည့်ရှိနေသည်။

မျက်နှာချင်းဆိုင်ရပ်ရင်း တစ်ယောက်ရဲ့လက်ကိုတစ်ယောက်သေချာဆုပ်ကိုင်ထားကြပြီးတော့ ကတိသစ္စာကို အတူတကွ ကျိန်ဆိုနေကြတဲ့ ကောင်လေးနှစ်ယောက်ဟာ ဒီအခြေအနေကို ရောက်ဖို့ အခက်အခဲမျိုးစုံတူတူ ရင်ဆိုင်ခဲ့ကြဖူးသည်။

"ချစ်တယ် Jungwoo"

ကျွန်တော် Jungwoo ကို သိပ်ချစ်ပါတယ်။ ဒါက အမြဲတမ်း မှန်ကန်နေမဲ့ ကမ္ဘာတည်သမျှ တည်ရှိနေမဲ့ အမှန်တရား တစ်ခုလဲ ဖြစ်တယ်။

ကျွန်တော်ဟာ ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ခဲ့ပေမဲ့ ကျွန်တော်အတင်းအကြပ်လုပ်ယူခဲ့တာမျိုး မရှိတာမလို့ ကျွန်တော်လိပ်ပြာလုံစွာပဲ ဒီနေ့အခမ်းအနားမှာ သူ့လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်နိုင်ခဲ့ပြီ။

ကတိသစ္စာကျိန်ဆိုပြီးတဲ့နောက်မှာတော့ဝိုင်းဝန်းဂုဏ်ပြုပေးနေကြတဲ့လူတွေရယ်၊ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ သူ ရယ်....ဒီနေ့ပုံရိပ်တွေက ကျွန်တော့်အတွက် အမြဲအမှတ်ရနေရမဲ့ မြင်ကွင်းတွေပေါ့။

"ကလေး"

မျက်လွှာလေးကို ပင့်ကြည့်ကာ ပြောလေဆိုတဲ့ အကြည့်နဲ့ ကြည့်လာတဲ့ကောင်လေးက အူယားစရာအတိ။

"အကြာကြီး ချစ်သွားကြမယ်"

"အင်း....အများကြီး ချစ်ပေးသွားမယ်"

"မွ"

သူ့ရဲ့ပါးပြင်ထက်ကို ကျွန်တော်က ငြင်သာစွာ ခြွေချွလိုက်တဲ့ အနမ်းလေးကို ကျေနပ်စွာခံယူနေတဲ့ ကောင်လေးကို ကျွန်တော် ချစ်မြတ်နိုးရ၊ တန်ဖိုးထားရပါတယ်လေ....။

ချစ်ခြင်းတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေနဲ့အတူ အနာဂတ် အိမ်ထောင်သည်ဘဝကို တူတူပုံဖော်ကြရတော့မယ်...သူလဲကျွန်တော့်လိုပဲ ရင်ခုန်နေလိမ့်မယ် ထင်ပါတယ်။

"Congratulations... Jungwoo နဲ့ အကို Doyoung"

"Congratulations"

"ကျေးဇူးပါပဲ Minhyung နဲ့ Donghyuck"

LOVE ME TOO Where stories live. Discover now