LMT~7

187 20 0
                                    

သူနဲ့ ဒီလိုနီးကပ်တဲ့ အခြေအနေမျိုးမကြုံဘူးတာမလို့ ပျော်လဲပျော်မိသလို ရင်တွေလဲခုန်နေသည်။သူနဲ့ထိစပ်နေတဲ့ ပခုံးလေးတွေ ၊ အနည်းငယ်ထိနေတဲ့ လက်ချောင်းလေးတွေ ပြီးတော့ သူ့ဆီက ရတဲ့ ရေမွှေးနံ့လေး အားလုံးက ကျွန်တော့်ကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။ ဘာမဟုတ်တဲ့ ဒီလို အသေးအမွှားလေးကိုတောင် အရမ်းသဘောကျမိနေရင် ဒီကောင်လေးကိုဆို ကျွန်တော် ဘယ်လောက်သဘောကျနေမိပြီလဲ....။

တကယ်တော့ ကျွန်တော်ဆိုင်ပိတ်ပြီး ကားမောင်းပြီးတော့ ပြန်နေတုန်းမှာပဲ မိုးရွာလာလို့ ပလက်ဖောင်းပေါ်မှာပြေးပြီး မိုးခိုဖို့သွားတဲ့ ကောင်လေးကို သတိထားမိသွားတာမလို့ကားကို ရပ်လိုက်ပြီးတော့ ထီးတစ်ချောင်းနဲ့ပြေးဆင်းလာကာ ရောက်လာခြင်းဖြစ်သည်။

"အော်....Sungchan လာပြီ"

"တောင်းပန်တယ်ကွာ မိုးရွာတာနဲ့..."

"သူငယ်ချင်းလဲ မိုးမိထားတာ...Jungwoo မိုးမိထားတယ် ဒီနေ့တော့ အကိုလိုက်ပို့ပေးမယ်"

"အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဗျာ"

ကောင်လေးက ဘာမှမပြောလာပေမဲ့ သူ့သူငယ်ချငိးက ခွင့်ပြုလာတာမလို့ နောက်ဆုံးမငြင်းတော့ပဲ သူလဲ လိုက်လာတော့သည်။ အမြဲတမ်းသိချင်နေခဲ့တဲ့ သု့ရဲ့အိမ်ကို ကျွန်တော်နောက်ဆုံးတော့ သိခွင့်ရတော့မည်။

သူက ကျွန်တော့်ဘေးခုံမှာ သူငယ်ချင်းကတော့ နောက်ခန်းမှာ။ သူတို့အိမ်ကိုရောက်တော့မှ ကျွန်တော့်အိမ်နဲ့မဝေးတဲ့ အနေအထားမှာ ရှိနေမှန်းသိရတော့သည်။

"ကားထိုင်ခုံတော့ ရေတွေစိုကုန်ပြီအားနာလိုက်တာ"

"ရပါတယ် အကိုပြီးမှ လုပ်လိုက်မယ်"

"ကျေးဇူးပါ"

"ကျေးဇူးပါ အကိုဒိုယောင်း"

"အော် ညနေစာလိုက်စားပါဦး ဒီတိုင်းလွှတ်ဖို့ရာ အားနာလို့ရယ်"

"မဟုတ်တာ ရတယ်"

"ခေါ်လိုက်လေ ကိုယ့်သူဌေးကို"

"အော်...အကိုဒိုယောင်း ကော်ဖီဖြစ်ဖြစ်လိုက်သောက်ပါဦး"

"အင်း....ခဏတော့ လိုက်ခဲ့တာပေါ့လေ"

LOVE ME TOO Where stories live. Discover now