LMT~9

202 21 0
                                    

ဒီနေ့ အပြင်ခဏအသွားမှာပဲ မမြင်ချင်တဲ့သူကို မြင်လိုက်ရလို့ ခြေလှမ်းတွေ နှေးကွေးသွားရသည်။တဖက်လူကတော့ ပြုံးပျော်ပြီး နှုတ်ဆက်နေပေမဲ့ ကျွန်တော်မပြုံးနိုင်ပါ။ မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားလိုက်ပေမဲ့ နောက်ကနေလိုက်လာကာ အတင်း စကားပြောဖို့ခေါ်သည်။

"Hyung စကားခဏပြောရအောင်"

"Hyung ခဏပါပဲ"

"Hyung"

"တော်ပါတော့ ဘယ်လောက်ထိ နှောက်ယှက်နေဦးမှာလဲ"

"ဒီတခါတော့ စိတ်ရင်းနဲ့ တောင်းပန်ချင်လို့ပါ"

"...."

"ခဏပဲ ခဏပဲဆို ရပြီ"

အနီးနားက ကော်ဖီဆိုင်ကိုပဲ ဝင်ကာ စကားခဏပြောဖြစ်ကြသည်။

"ဒီအတောအတွင်း ကိစ္စမှန်သမျှကို တောင်းပန်ပါတယ်"

"...."

"တွဲနေတုန်းကရော ပြတ်သွားတော့ရော လိုက်နှောင့်ယှက်မိတာတွေ အနိုင်ယူခဲ့တာတွေ တောင်းပန်ပါတယ်"

"...."

"ဟိုးအရင်ကလို Donghyuck မျိုးဖြစ်အောင် ကျွန်တော်နေပါ့မယ် ကျွန်တော့်ကိုလေ တခါလောက်ခွင့်လွှတ်ပေးမလား"

"ဟင်း...တခါလား ငါမင်းကို အကြိမ်ကြိမ် ခွင့်လွှတ်ခဲ့ဖူးတယ် Donghyuck....မင်း ကျူးလွန်သမျှတွေကို ငါမျက်စိမှိတ်နေခဲ့ဖူးတယ် အဲ့တာကို မင်းသိလား"

"...."

"ငါလေ... မင်းငါ့အပြင် အခြားတစ်ယောက်နဲ့ပါ ရည်းစားဖြစ်နေခဲ့ဖူးတာတွေ အထိ ငါအားလုံး ခွင့်လွှတ်ခဲ့တာ မင်းသိလား"

"ဘယ်လို...Hyung ဘယ်လိုသိ"

"တခါဘယ်ကမလဲ ၂ခါ....အဲ့လို သစ္စာဖောက်တာထိ ခွင့်လွှတ်ပေးထားတာကို မင်းက ငါ့ကို အနိုင်ယူတယ် နှောင့်ယှက်တယ် ဒါပေမဲ့ ငါအပြစ်မမြင်ခဲ့ပါဘူး....မင်းအရင် လုပ်ခဲ့တဲ့ ကိစ္စကိုတောင် မေ့ထားပြီး လမ်းခွဲခါနီးမှာ မင်းကို အတင်းအကြပ်အနိုင်ယူမိလို့ ငါက မင်းကို တောင်းပန်ခဲ့တာ မင်းကို ဒီလောက်အလိုလိုက်ခဲ့သားနဲ့တောင် သစ္စာဖောက်ခံရလို့ အခုတော့ ချုပ်ချုယ်နေမိနေပြီ"

LOVE ME TOO Where stories live. Discover now