၃ နှစ်ကြာပြီးနောက်.....။
Donghyuck မရှိတဲ့ နေ့ရက်တွေကို ကျော်လွန်ခဲ့တာ ၃နှစ်တောင်ရှိပြီ။ ဒီကြားထဲ အစအနတောင် ပြန်မတွေ့
တဲ့ Donghyuck က တကယ်ပဲ အပုန်းကောင်းလွန်းနေတာများလား...။ မုန်းပစ်လိုက်ချင်ပေမဲ့ တကယ်တမ်းတော့မလုပ်နိုင်ခဲ့ပါ။ ဘယ်လောက်ကြီးပဲ မုန်းချင်နေပါစေ သံယောဇဉ်ဆိုတဲ့အရာကို မလွန်ဆန်နိုင်တာမလို့ ဖြစ်ပြီးတာတွေ ပြီးပါစေတော့လို့သာ တွေးလိုက်တော့သည်။"Minhyung'
"ဟုတ် ဦးလေး"
"Canada ကို ခဏပြန်ပေးမလား"
"ဘာလို့လဲ"
"မင်း အဒေါ်က နေမကောင်းလို့လေ ဦးလေးက အလုပ်ပြီးရင် လိုက်ခဲ့မှာ အဲ့ကျရင် မင်းက ဒီမှာ တာဝန်ယူပေးပေါ့"
"ရပါတယ်...ဒါပေမဲ့ လစာတော့ ပိုပေးပေါ့"
"မင်း ပြိုင်ကားလိုချင်နေတာမလား ဝယ်ပေးမယ် အိုခေလား"
"အိုခေတာပေါ့ဗျာ..."
ဒီတခါ Canada ခရီးစဉ်က ကျွန်တော့်ကို မထင်ထားတာတွေ ကြိုဆိုနေမှန်း ကျွန်တော်မသိခဲ့ပါ။
လေယာဉ်စိုက်ပေမဲ့ အိမ်က လာမကြိုတာမလို့ taxi နဲ့သာ သွားရမည်။
ကားစောင့်နေတုန်း ကျွန်တော့်ကို လာတို့တဲ့ ကလေးကြောင့် ခဏကြောင်သွားရသည်။
"Daddy"
"ဟင်?"
ရုတ်တရက်ကြီး Daddy လို့အခေါ်ခံရလိုက်ရတာကြောင့် လူပါကြောင်သွားရသည်။
"Hey I'm not your Daddy...."
"Daddy"
ဒီကလေးနဲ့တော့ခက်ပါပြီ။
"Where is your Mommy?"
"There..."
သူထိုးပြတဲ့ သူက ယောကျာ်းတစ်ယောက်ဖြစ်ေနတာမလို့ ကြောင်သွားပေမဲ့ ဦးလေးတွေ အကိုတွေဖြစ်နိုင်တာမလို့ ကလေးကို ချီလိုက်ကာ ကျောပေးရပ်နေတဲ့ ကောင်လေးနားကို သွားလိုက်သည်။
"Hey..."
ရုတ်တရက်လှည့်လာတဲ့ ကောင်လေးကြောင့် ကျွန်တော်ကြောင်သွားရသည်။
"Donghyuck"
"Hyung"
"မင်းနဲ့သိလား ဒီကလေးလေးက သူက မင်းကိုညွှန်ပြနေတာမလို့လေ "
![](https://img.wattpad.com/cover/296207615-288-k762095.jpg)