3နှစ်ကြာပြီးနောက်....။
အခုဆို ကျွန်တော်လဲ ကျောင်းပြီးလို့ အလုပ်ထဲရောက်နေသလို ကိုကိုကလဲ ကုမ္ပဏီကို ဦးစီးနေတာ အတော်ကို အဆင်ပြေနေပြီ။
"ကိုကို ဒီနေ့ဘာနေ့လဲ"
စာပို့ထားတာမနက်ကတည်းကဆိုပေမဲ့ အခုနေ့လည်ထိ စာပြန်မလာသေးပါ။ ဟွန်း....လူကို အတော်ပစ်ထားနိုင်တာပဲ ဒီကိုကိုက။
"စားပြီးပြီလား"
ဒါလဲ ပြန်စာမလာပါ။ စိတ်ဆိုးပစ်မယ်ဆိုပြီး ညနေထိ ကျွန်တော်လဲ အဆက်အသွယ်မလုပ်လိုက်ပါ။
၆ နာရီ။
"အခုထိ မဆက်သွယ်ဘူးပေါ့လေ"
"ရတယ်....အိမ်ပြန်မယ် ပြီးမှ ရှယ်ပလန်နဲ့ လာချော့လိုက်"
တစ်ယောက်တည်းစိတ်ထဲကနေ ကြုံးဝါးကာ အိမ်ပြန်လာခဲ့လိုက်သည်။
"ပြန်ရောက်ပြီလား"
"အင်း"
"မျက်နှာလဲ မကောင်းပါ့လား"
"ဟင်....ဟုတ်တယ် စိတ်တိုအောင် လုပ်တဲ့သူရှိလို့လေ"
" ရန်ဖြစ်ကြတာလား"
"မဖြစ်ပါဘူး ဒီတိုင်း ငါ့ကိုပစ်ထားလိူ့"
"မင်းကလဲ သူက အလုပ်ရှုပ်နေတဲ့သူလေ"
"၃နှစ်လုံးအချိန်ပေးလာပြီးမှ အခုမှ ဘာအချိုးချိုးတာလဲ.....သူ ငါ့ကို မချစ်တော့တာလား.....မဟုတ်ဘူး သူငါ့ကို ချစ်တယ် ငါသိတယ်"
"သိရင် ဘာလို့ပြောနေသေးလဲ"
"မင်းကလဲ အဖြစ်ပြောတာပေါ့ဟ"
"အခုထိ ဖုန်းလဲမဆက် စာလဲ မပို့ဘူး....ကိုကို အချိုးတွေပြောင်းနေပြီ"
"ဟူး....ပူလောင်လိုက်တာ Jungwooရယ် ပြီးရင် ဟုတ်ကဲ့ပါ ကိုကို ဆိုပြီး ပြန်ပါသွားမှာပဲကို"
"မင်းကလဲ dramaလေး နည်းနည်းချိုးကြည့်တာကို "
"မင်းပဲ ချိုးနေတော့ ငါတော့ အပြင်သွားဦးမယ်"
"ငါလဲ လိုက်မယ်လေ"
"လိုက်မယ်ဆိုလဲ အကျီသွားလဲ"
"အေး ခဏစောင့်"
Sungchan နဲ့စိတ်ပြေလက်ပျောက်လျှောက်လည်ရန် ထွက်လာခဲ့လိုက်သည်။