"ကိုကို🐰🖤"
ဖုန်း contact လေးကို ပြောင်းမှတ်လိုက်ရင်း ပြုံးလဲပြုံးလိုက်မိသေးသည်။
"ဘာတွေရယ်နေတာလဲ Jungwoo"
"ဒီလိုပါပဲ"
"အခုမှ နုနုနယ်နယ် ရည်းစားထားဖူးတာဆိုတော့ ကြည်နူးစရာလေးတွေပေါ့"
"မနာလိုတာလား"
"မဟုတ်ရပါဘူးနော် ငါလဲရှိပါတယ်ဟ"
"ဟုတ်လား မိတ်ဆက်ပေးဦးလေ"
"နောက်မှပေါ့"
"အေးပါ စောင့်နေမယ်နော်"
"အေးအေး"
"အိပ်တော့ "
"အေးပါ အိပ်ပါပြီကွ"
ကျွန်တော်လဲ အိပ်ဖို့ရာပြင်ပေမဲ့ အကိုဒိုယောင်းဆီက စာမဝင်လာသေးတာနဲ့ စောင့်နေလိုက်သေးသည်။
"ကိုယ် ပြန်ရောက်ပြီ"
"အင်း နားတော့နော် ကျွန်တော်လဲ အိပ်တော့မယ်"
"Good Night ပါ ကလေးလေး"
"Good Night"
အပြန်အလှန်စာပို့ပြီးတဲ့နောက်မှာတော့ အိပ်ယာဝင်ခဲ့လိုက်တော့သည်။
"တီ တီ"
နှိုးစက်ကြောင့် နိုးလာပေမဲ့ နှိုးစက်ကိုပိတ်ကာ နည်းနည်းပြန်မှေးမယ်ကြံတုန်း ဝင်လာတဲ့ ဖုန်းကြောင့် အကြံပျက်သွားရသည်၊
"ဟဲလို"
"နိုးသေးဘူးလား ကလေး"
"နိုးပြီ အခုပဲ"
"ခဏနေ ကိုယ်ဝင်ခေါ်မယ်နော် အဆင်သင့်ပြင်ထား"
"ဟုတ် စောင့်နေမယ်"
"အိုခေ ထတော့ထတော့ ကလေးလေး"
"ဟုတ်"
"ချစ်တယ်"
"အင်း ကျွန်တော်ရောပဲ"
ဖုန်းချသွားပြီးတာနဲ့ ငုတ်တုတ်ထထိုင်ပြီးတော့ ခေါင်းအုံးကြီး မျက်နှာကပ်ကာ အော်ဟစ်ပစ်လိုက်သည်။
"အား...."
"သေတော့မှာပဲ"
ကလေးလေးဆိုတဲ့ စကားလေးက ဘာလို့အသည်းယားဖို့ကောင်းရတာလဲ။