Part-16🐻

2.5K 204 7
                                    


Chaeကတော့ မုန့်ဗန်းကိုယူပီး Sooဆီကိုပြန်လာခဲ့ပေမယ့် ကြားလိုက်ရတဲ့စကားတေကြောင့် စားပွဲဆီမသွားပဲ ရပ်သွားကာ...

*Sooမှာက ပိုင်ရှင်ရှိနေပီးသားလား*

Sooလည်းHojinoဖုန်းကိုချလိုက်ပီး အနောက်ကိုလှည့်ကြည့်လိုက်တော့ မုန့်ဗန်းကြီးကိုင်ကာ ငူငူကြီးရပ်နေသောChaeကိုတွေ့ပီး...

"Chae...Chae...Park Chae Young Shinn..."

"အာ့ Nae..Nae..."

"လာလေ အဲ့နားမှာဘာရပ်လုပ်နေတာလည်း..."

"အာ့ညီး ..."

"အဲ့တာဆိုလာ Sooအခုဗိုက်ဆာလာလို့..."(smile)

Chaeလည်းSooနဲ့မျက်နှာချင်းဆိုင်မှာဝငိထိုင်လိုက်ရင်း မှာလာတဲ့ ကြက်ကြော်တေကိုSooရှေ့ချပေးလိုက်တော့ Sooက ချက်ချင်းပဲ ကြက်ပေါင်တစ်ခုကိုယူလိုက်ကာခလေးတစ်ယောက်လိုပလုတ်ပလောင်း စားနေတာကြောင့်....ခနကအဖစ်အပျက်ကိုမေ့ပီး Sooကို ငေးကြည့်နေမိတော့တယ်...

Sooကတော့ စားနေရင်း သူကိုစိုက်ကြည့်နေသလိုခံစားနေရတာကြောင့် မော့ကြည့်လိုက်တော့ငေးကြည့်နေသောChaeမျက်ဝန်းတေနဲ့ဆုံမိသွားကာ...

"ဟင်.... စားလေChae... ဘာလို့Sooကို ထိုင်ကြည့်နေတာလည်း...."

Sooအကြည့်တေကို Chaeရှောင်လိုက်ရင်း အအေးခွက်ကို ကိုင်လိုက်မိပီး အယောင်ယောင်အမှားမှားဖစ်ကာ....

"အာ့ အာညီး...မကြည့်ပါဘူး ..."

"ကြည့်ပီး....အံ့သြမနေပါနဲ့Chaeရဲ့ Soo Fav Food က ကြက်ကြော်လေ Chaeထိုင်ကြည့်နေရင် မစားရပဲ Sooစားတာနဲ့ ကုန်သွားလိမ့်မယ် သိလား"(smile)

ဘုရားစူးDoctorမလေးပါတဲ့ဗျာ ကြက်ကြော်မကုန်သေးတာကို နောက်ထပ်လက်တစ်ဖက်နဲ့ ထပ်ယူပီး နှစ်နှစ်ခြိုက်ခြိုက်စားနေတာကြောင့် Chaeက...

"မတူ ဘူး..."

"ဟမ် ဘာမတူတာလည်း Chaeရဲ့ အ ဟွတ် ဟွတ်..."

စားနေရင်းမေးလိုက်တာကြောင့် Sooသီးကုန်တော့Chaeကရေဘူးကို ကမ်းပေးကာ ရယ်လိုက်ရင်း...

"ဖြေးဖြေးစားပါ Sooရဲ့ ကြက်ကြော်တေက ထွက်မပြေးပါဘူး..."

Chae ပေးတဲ့ရေဘူးကို Soo ကမော့သောက်လိုက်ရင်း Chaeကိုမျက်စောင်းထိုးကာ...

Town Boy's True Story(Completed)Where stories live. Discover now