Part-34🐻

2.1K 230 31
                                    

"Omma...Yarrr..."

LisaကJenကို ပေါင်ပေါ်မှာပွေ့ဖက်ထားရင်းမျက်နှာချင်းဆိုင်လိုက်ကာ..

"မိအားနဲ လန့်သွားလား..."

"Omm...ဘာလို့ဆွဲချရတာလည်း တကယ်ပါပဲ..."

"ချစ်လို့ Niniနဲ့ ဒီလိုလေးအမြဲတမ်းနီးကပ်နေချင်တာ...."

JenနဖူးလေးကိုLisaကနမ်းရင်းပြုံးကာပြောလိုက်တာကြောင့် Jenလည်းLisaပါးလေးကို ခပ်ဖွဖွလေးပွတ်သပ်လိုက်ရင်း...

"ဖြစ်လာမှာပေါ့ Liliရယ် Niniလည်း Liliလိုပါပဲ အခုတောင် LiliကိုNiniကကျေးဇူးတင်နေရတာ..."

"ဟင် ဘာလို့တုန်းNiniရဲ့..."

JenကLisaပေါင်ပေါ်မှာ ခွထားတာကြောင့် JenကLisaပုခုံးကရဲနေတဲ့ ဒဏ်ရာတေကို အသာတို့လိုက်ကာ...

"Liliတခါမှ မလုပ်ဖူးတဲ့ခြံအလုပ်တေကို Niniအတွက်အပင်ပန်းခံပြီးလုပ်ပေးခဲ့တယ် ပီးတော့ Lili..ရဲ့Unnieကိုတောင်လိမ်ပြီး ဘူဆန်ကိုလိုက်လာပေးလို့ ကျောင်းပိတ်ရက်အတွင်းNiniနဲ့Liliမခွဲရတော့ဘူးလေ ..အဲ့တာကြောင့် LiliကိုNiniကကျေးဇူးအများကြီးတင်သလို အရမ်းလည်းချစ်တယ်...."

"အာ့ညီး မလိုပါဘူး Niniရယ် Liliကိုယ်တိုင်ကလည်း Niniနဲ့(3)လကြီးမတွေ့ပဲမနေနိူင်တာလည်းပါတယ်လေ...."

"ဒါပေမယ့် ..."

"Shuuu....Liliအတွက်Niniစိတ်ပူနေတာကို နားလည်ပါတယ်...အဲ့တာကြောင့် Liliကိုစိတ်မပူပါနဲ့ Niniကိုချစ်တဲ့စိတ်ကြောင့် အရာရာကိုကျော်ဖြတ်နိူင်မယ်လို့ ယုံကြည်ထားတယ်..."

"Gomarwae Lili...Niniကိုအရမ်းချစ်ပေးလို့..."

"အော် မလိုပါဘူးဆိုနေ Liliပင်ပန်းနေတဲ့အချိန်မှာသာ Niniကပြုံးပြပေးရင်ရပြီ ဟုတ်ပီလား..."

LisaကJenကိုပြုံးကာ စိုက်ကြည့်ပြီးပြောလာတာကြောင့် Jenလည်းLisaကိုပြန်စိုက်ကြည့်ကာ မျက်ရည်တေဝဲလာပြီး...

"Liliရယ်..."

"အာ့ဂူး ငိုတော့မလိုက်ပါနဲ့ကွာ...."

"ဟင့် ဟင့်..."

Lisaပြောလိုက်မှJenကပိုငိုသွားတာကြောင့်Lisaရယ်လိုက်ရင်း...

"ဟော ပြောမှ ပိုငိုသွားပြီ...မငိုပါနဲ့ Niniရယ်..."

"ဟင့် ဟင့် ဘာလို့ အဲ့လောက်ထိ Niniကိုချစ်ပေးနေရတာလည်း...."

Town Boy's True Story(Completed)Where stories live. Discover now