Part 3

1.8K 84 10
                                    

"ဆရာ ဆရာမဒေါ်သန်းမေ က နေ့လည်စာစားဖို့ ဆရာ့ကို ခေါ်ခိုင်းလိုက်လို့ပါ ။ "

"ဟုတ်ပြီ တပည့်....ဆရာအခုပဲ လာခဲ့မယ်နော် ။"

"ဟုတ်ကဲ့ပါ ဆရာ ။ ကျွန်တော်တို့ သွားပြီနော် ဆရာ ။ "

"အေးအေး..."

"ဟူး...."

ကျွန်တော် သက်ပြင်းရှည်တစ်ချက်ချရင်း ထမင်းစားဆောင်ဘက် ထွက်လာခဲ့လိုက်သည် ။ မတွေ့ချင်တဲ့သူနဲ့ ပြန်တွေ့ရအုန်းမယ် ။

"ဆရာ သူရိန် ဒီဘက်ကိုလာပါအုန်း ။ အလှူရှင်နဲ့မိတ်ဆက်ပေးမလို့ ။ "

ဆရာမဒေါ်သန်းမေ ခေါ်ရာကိုသွားလိုက်ပြီး ဆရာမညွှန်ပြတဲ့ ခုံမှာသာ ဝင်ထိုင်လိုက်လေသည်။

"မောင်ရင်ရေ ဒါကတော့ ဒီပရဟိတကျောင်းက လုပ်အားပေး ဆရာလေးပါ ။ ဆရာလေးနာမည်က သူရိန်လင်းခန့် တဲ့ ။ ဒီကျောင်းမှာ ကလေးတွေကို စာသင်ပေးတာ တစ်နှစ်တောင်ပြည့်တော့မယ်လေ ။ ရုပ်လေးလည်းချော ၊ သဘောလည်းကောင်း တယ် ။ မောင်ရင်နဲ့ဆို ရွယ်တူလောက်ပဲထင်တယ်နော် ။ "

ဆရာမကြီးရဲ့ ရှည်လျားတဲ့မိတ်ဆက်ပေးမှု အဆုံးမှာတော့  ထိုသူက ကျွန်တော့်ကို စိုက်ကြည့်ရင်း စကားဆိုလေသည် ။

"ကျွန်တော် သူ့ကိုသိပါတယ် ဆရာမ ။ ကျွန်တော်နဲ့ တစ်တန်းတည်း တက်ခဲ့တာလေ ။ ဟုတ်တယ်မလား လင်းလေး ..."

'တော်တော် မျက်နှာပြောင်တိုက်တဲ့ကောင် ။ ငါ့ကို ဘာလို့ လင်းလေး ဆိုပြီးခေါ်နေသေးတာလဲမသိဘူး ။ သူနဲ့ငါ နဲ့ ဘာမှ မဆိုင်တော့တာကို ။ ' ဟုဆိုပြီး လင်း စိတ်ထဲတွင်သာပြောနေမိသည် ။

အပြင်မှာတော့ မသက်သာ သလိုဟန်ဖြင့် ပြုံးပြပြီး သူပြောတာကို ခေါင်းငြိမ့်ပြ လိုက်ရသေးသည် ။

"အယ် ရွယ်တူတွေဆိုတော့ ကောင်းတာပေါ့ ။ ဒါဆိုရင်လည်း ဆရာ သူရိန်ရေ ဆရာတို့နေ့လည်စာစားပြီးရင် ဒီကမောင်ရင်ကို ကျောင်းဝန်းထဲ လိုက်ပြပေးလိုက်ပါအုန်းကွယ် ။ ဆရာမ သွားအုန်းမယ်နော် ။"

"ဆရာမကြီးကကော နေ့လည်စာ မစားတော့ဘူးလား ။ "

"ဪ ဆရာမက စားပြီးပြီကွယ့် ။ ဒီက မောင်စိုင်း...ဘယ်သူ အဲ...။"

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now