Part 28

757 34 0
                                    


"ပါပါး...ပါး ဘယ်သွားတာလဲဟင်"

"သမီး နိုးပြီပေါ့...သမီး ပါးက ဘေးအိမ်ကို မုန့်သွားပေးတယ်"

"ဟင်ဘာမုန့်လဲဟင်..."

"မုန့်လုံးရေပေါ်လေ...သမီးရဲ့ ပါးလာမှပဲ မျက်နှာသစ်ပေးတော့မယ်"

ပေါင်းပေါင်း အိပ်ရာနိုးနိုးချင်း ကျွန်တော်ရှိနေရာ မီးဖိုခန်းသို့ ရောက်လာကာ ကောင်းကို မေးနေလေသည်။ သင်္ကြန်တွင်း ဖြစ်လေသောကြောင့် ကျွန်တော်လည်း လွယ်ကူရိုးရှင်းသော မုန့်လုံးရေပေါ်ကိုသာ လုပ်ဖြစ်လေသည်။ မေမေအိမ်မှာ ရှိစဉ်ဆို သင်္ကြန်တွင်း တစ်ရက်မှ မရိုးရအောင် မုန့်မျိုးစုံလုပ်ကာ အိမ်တွင် စတုဒိသာ ကျွေးလေသည်။

"လင်းလေး...ကိုယ်ပြန်လာပြီ...ဘေးအိမ်က ဦးလေးတို့က မုန့်ကြာစိ ပြန်ထည့်ပေးလိုက်တယ်"

"အင်း...ပေါင်းပေါင်းကို မျက်နှာသစ်ပေးလိုက်အုန်း"

"ဟုတ်ပါပြီ..."


ကောင်း ကတော့ မုန့်ပန်းကန်ကို စားပွဲပေါ်တင်ပြီး ကျွန်တော့်ကို နောက်ကနေလာဖက်ပြီး ပါးကို နမ်းသွားပြန်လေသည်။

"ကောင်း!! ကလေးတွေ့သွားမယ်...မင်းက မဆင်မခြင်နဲ့"

"ဟား....ကိုယ့်အချစ်ကလည်းကွာ"

ကောင်း ကတော့ သူချင်တာလုပ်ပြီး ပျော်နေတော့သည်။ နောက်တစ်ကြိမ် ပါးကို နမ်းသွားပြီးမှ အိမ်အပြင်သို့ ထွက်ကာ ပေါင်းပေါင်းကို မျက်နှာသွားသစ် ပေးလေတော့သည်။

ကျွန်တော်လည်း ရေနွေးအိုးထဲမှ ကျက်နေပြီဖြစ်သော မုန့်လုံးများကို ဆယ်ယူပြီး ပန်းကန်တစ်ခုထဲထည့်လိုက်ပြီး အိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ ကောင်းတို့ လာလျှင် မနက်စာ အဆင်သင့် စားလို့ရအောင် မနက်စာကိုပြင်ဆင်လိုက်လေသည်။

မနက်စာသည် ထမင်းကြော်၊ မေမေကြော်ပေးခဲ့သော ဘာလချောင် အကြော်စုံနှင့်သာ ဖြစ်သည်။ ကျွန်တော်နှင့်ကောင်း အတွက်တော့ ကော်ဖီတစ်ယောက်တစ်ခွက်စီ။ ပေါင်းပေါင်းအတွက်ကတော့ နွားနို့ပူပူတစ်ခွက်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now